Monday, March 29, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်ရေးဘက်က အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်ရေးဘက်က အနိုင်ရရှိ

ယခုလ ၁၃ ရက်နေ့တွင်မူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်စေလိုကြောင်း သူမ၏ သဘောထားကို ရှေ့နေ နှစ်ဦးထံ ပြောဆိုခဲ့ပြီး၊ ဒီမိုကရေစီ နည်းလမ်းတကျ ပါတီအနေဖြင့် ဆုံးဖြတ်သွားစေလိုကြောင်း ပြောခဲ့သည်။

NLD ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်တွင် ရွှေဂုံတိုင် မီးပွိုင့်အနီး၌ လုံထိန်းကား ၂ စီးနှင့် မီးသတ်ကား ၂ စီး လုံခြုံရေးချထားပြီး၊ ဗဟန်း အထက ၃ ကျောင်းဝင်းအတွင်း လုံထိန်းကား ၈ စီး ချထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေးမတင်ရေးနှင့် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ဆုံးဖြတ်ချက် ဒီနေ့နေ့လည် (၁၂)နာရီက အဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်ရာ မှတ်ပုံမတင်ရေးဘက်က အနိုင်ရရှိ သွားကြောင်းသိရှိရပါတယ်။

ပြည်နယ်နဲ့တိုင်း က CC အများစုက ကန့်ကွက်ကြတဲ့ အတွက် မှတ်ပုံမတင်ရေးဘက်ကို ၀ိုင်းထောက်ခံနေကြတော့ ၊မဲမခွဲရဲတော့ ဘဲ Mandate တွေကိုသုံးမယ်လုပ်ပါတယ်။ နဂိုပေးထားတဲ့ Mandate တွေကိုပါ။ MP အချို့ကတော့ သူတို့ပေးခဲ့တဲ့ Mandate တွေကိုပြန်ရုတ်ကြပါတယ်။ ပြန်ရုတ်တဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်ဆီကို သူတို့ Mandateကို ပြန်ပေးကြတယ်လို့ သိရပါတယ်။ ပါတီဝင်တော်တော်များများက ကန့်ကွက်ကြတဲ့ အတွက် မဲခွဲဆုံးဖြတ်မှုကို မပြုလုပ်တော့ပဲ အများဆန္ဒအရ မှတ်ပုံမတင်ရေးကို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီကနေ့အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ သွေးတိုးနေသည့် အတွက်ကြောင့် မတက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment