မှတ်ပုံမတင်ရန် ဆုံးဖြတ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အား လေးစားဂုဏ်ယူပါတယ်။

အာဏာရူး နအဖတွေရဲ့  မတရားထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြတ်ပြတ်သားသားဆန့် ကျင်ကာ မှတ်ပုံမတင်ရန် ဆုံးဖြတ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အား လေးစားဂုဏ်ယူပါတယ်။
ယနေ့  နေ့ လည်က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ နအဖ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင် မတင် ဆုံးဖြတ်ရန် ကျင်းပသည့် အစည်းအဝေးသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အမျိုးသမီးအဖွဲ့ဝင်များ စုစည်းရောက်ရှိခဲ့ကြပါတယ်။
ထို့ အတူ နအဖ လုံခြုံရေးရဲကားများနဲ့  အရပ်ဝတ်ထောက်လှမ်းရေးများလည်း ရောက်ရှိနေခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကြီးရဲ့  ဆုံးဖြတ်ချက်ကို သိလိုကြတဲ့ ပြည်သူလူထုများလည်း တဖြည်းဖြည်းနဲ့  များပြားစွာ ရောက်ရှိခဲ့ကြပါတယ်။ ပြည်တွင်းပြည်ပ သတင်းဌာနများလည်း ရှိနေခဲ့ကြပါတယ်။
နေ့ လည် (၁) နာရီ (၂၅) မိနစ်ခန့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ နအဖ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ပါတီအကျိုးထက် တိုင်းပြည်နဲ့  လူမျိုးအကျိုးကို ရှေ့ တန်းထားတဲ့၊ ပြည်သူအများစု၏ ဆန္ဒကို အလေးထားတဲ့၊ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကနေ ပြည်လူလုထုတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ ပါတီကြီးအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့၊ မတရားမှုတွေကို ပြတ်ပြတ်သားသား ရဲရဲဝန့် ဝန့်  ဆန့် ကျင်တော်လှန်လိုက်တဲ့ အမျိုးသားဒီမိုကရေစဇအဖွဲ့ ချူပ်ကြီးအား အထူးလေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။
ကျွန်တော်တို့  ပြည်သူလူထုအနေနဲ့  ယခုလို နအဖအာဏာရူးများရဲ့  မတရား ကလိမ်ဆင် ယုတ်မာမှုကို ငုံ့ မခံဘဲ ရဲရဲဝန့် ဝန့်  ပြတ်ပြတ်သားသား တုန့် ပြန်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကြီး၏ ခေါင်းဆောင်များနဲ့  အဖွဲ့ ဝင်များအား စုပေါင်းဝိုင်းရံကြဖို့  လိုပါအပ်ပါပြီ။
ယုတ်မာပက်စက်တဲ့ နအဖအာဏာရူးတွေဟာ မတရားသော နည်းလမ်းများသုံးပြီး ပြည်သူတစ်ရပ်လုံးရဲ့  ဦးဆောင်ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကြီးကို မတရားအသင်းအဖြစ် ကြေညာကာ ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်လာနိုင်သလို၊ ၁၉၉၀ ရွေးကောက်ပွဲမှ ပေါ်ထွက်ခဲ့တဲ့ ပြည်သူ့ ဆန္ဒများ ရလဒ်များအား လစ်လျူရှူကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား တစ်စွတ်ထိုး ကျင်းပသွားမှာ ဖြစ်တာကြောင့် ကျွန်တော်တို့  တိုင်းရင်သားပြည်သူ ရဟန်းရှင်လူအပေါင်း လူထုတစ်ရပ်လုံးမှ အမျိုးသားလှုပ်ရှားမှုအဖြစ် လူထုအုံကြွတော်လှန်မှုများ ပြုလုပ်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါတယ်။
၁။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ထိပ်တန်းတင် အလေးထားကာ အာဏာရူးနအဖတွေကို တော်လှန်တိုက်ပွဲဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အား စုစည်းဝန်းရံပေးကြပါစို့ ။
၂။ အာဏာရူးနအဖတွေရဲ့  မတရားထုတ်ပြန်ကြေညာချက်များ၊ မတရား ဆောင်ရွက်မှုများ၊ မတရားဖိနှိပ်မှုများ၊ မတရားအကြမ်းဘက်မှုများကို ဆန့် ကျင်တုန့် ပြန်ကြပါစို့ ။
၃။ ပြည်သူလူထုအုံကြွမှုအား နေရာအသီးသီး မြို့ နယ်အရပ်ရပ်တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကာ အာဏာရူးနအဖအား တော်လှန်ဆန့် ကျင်ကြပါစို့ ။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဟာ ပြည်သူ့ အသွေးအသား ဖြစ်တယ်ဆိုတာ အာဏာရူးနအဖတွေကို လက်တွေ့ ပြကြစို့ ။





No comments:
Post a Comment