Sunday, March 7, 2010

စက်မှုနိုင်ငံတည်ထောင်မည့် မြန်မာပြည်မှ ကွန်ပြူတာတက္ကသိုလ်များ....

စက်မှုနိုင်ငံတည်ထောင်မည့် မြန်မာပြည်မှ ကွန်ပြူတာတက္ကသိုလ်များ....


ကျွန်တော်တို့ ကျောင်းမှာ လုံးဝအဓိပ္ပါယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်နေတာ အခုထုတ်တဲ့စည်းကမ်း ကလည်းတစ်ခု အပါအ၀င်ပါပဲ သေချာစဉ်းစားကြည့်ဗျာ.... တက္ကသိုလ်ပဲရောက်နေပြီ ဟိုမသွားရဘူး ဒီနေရာမသွားရဘူး ဆိုတာဖြစ်သင့်လားဗျာ အခုကြတော့ ဘူတာရုံတောင်မသွားရဘူးတဲ့ ....ဆိုင်းဘုတ်ကြီးနဲ့  ကျောင်းသားတွေမှာနေစရာနေရာကိုမရှိတော့ဘူး နောက်ပြီး ကျောင်းမှာကစာသင်ခန်း အပြင်ထွက်နေရင်တောင် လိုက်ဖမ်းတယ်ဗျာ.... နောက်ပြီးကိုယ်ဖာသာကိုယ်ဘောလုံးကန်လဲ လိုက်ဖမ်းတယ်ဗျာ ကျွန်တော်တို့ မှာနေရထိုင်ရတာ ကျဉ်းကြပ်လိုက်တာနောက်ပြီး ဆံပင်အရှည်မထားရဘူး ....ဆေးမဆိုးရဘူး အနွေးထည်မ၀တ်ရဘူး ... ကဲဘာကျန်သေးလဲဗျာ။နောက်ပြီး....ကျွန်တော်တို့ကြတော့ နောက်ကျရင် တော်ဝင်လမ်းမ အရှည်ကြီးကို လမ်းလျှောက်ဝင်ရတယ်....... ... အဲပါချုပ်နောက်ကျရင်တော့ ဖင်ကောက်ကားလေး အဖွေးသားနဲ့ ကော့ကော့ဝင်သွားပါတယ်...။

နွေရာသီဆိုလည်း အဆင်မပြေ မိုးရာသီဆိုလည်း တိုင်ပတ်နဲ့ နောက်ပြီး အန္တရာယ်တောင်ရှိသေး အန္တရာယ်ဆိုတာကဒီလိုပါ အဲဒီလမ်းမှာ မိုးတွင်းဆို ရေလျှံလို့လားမသိ မြွေတွေပါရောက်လာတယ်....။ အဲဒါတောင် တော်ဝင်လမ်းမအထိကိုနော်....... တစ်ခါတစ်လေပါ။ နောက်ပြီးမြွေက အကြီးကြီးဆိုတော်သေး ရှောင်လို့ ရှားလို့ ရသေးတယ် အခုဟာက သေးသေးလေးတွေ မတွေ့ပဲနင်းလိုက်လို့  ရရင်တော့ ပြီးသွားပြီ.. ဟိုအရင်တုံးက GTC မှာ မြွေကိုက်တုံးကတောင် ဘာလုပ်ပေးနိုင်တုံး ဆရာဝန်တွေ ဘောလီဘောပုတ်လို့ ကျောင်းသူလေးခမျာ သေရရှာတာပဲ..... နောက်ပြီးဆေးရုံကို သွားမယ်ဆိုလ ခရီးလမ်းကအဝေးကြီး နောက်ပြီးအဲင်္ဒီတော်ဝင်လမ်းထဲကို bus ကားတောင်ပေးဝင်တာ မဟုတ်ဘူး ပေးဝင်ရင်နည်းနည်းပါးပါး ကျောင်းထိပ် အထိတွယ်စီးလို့ ရသေးတယ်။ bus ကားကလည်း ပေးမ၀င်ဆိုတော့ကာ ဖြတ်လျှောက်ရုံပဲ ရှိတော့တယ် နောက်ပြီး ကျောင်းထဲကိုဝင်သွားရင် အရင်လိုမိန့်မိန့်ကြီး ပြန်ထွက်လို...မရဘူး .....ပေးမထွက်ဘူးဗျာ ကျွန်တော်တို့ တောလမ်းကနေဖြတ်ရတယ်။ ဒီမိန်းလမ်းမကြီးတောင် မြွေပါးကင်းပါနဲ့ ဆိုတော့ အဲဒီချုံပုတ်တွေထဲဆို ပြောမနေပါနဲ့ဗျာ......နောက်ပြီး မိုးတွင်းဆို ကျွတ်ကလည်းတွယ်သေး (လေထိုးတဲ့ကျွတ်မဟုတ်ဘူးနော်) ကျွန်တော်တို့ ကျောင်းကို ရန်ကုန်ကွန်ပျုတာတက္ကသိုလ်အစား ရန်ကုန်ကွန်ပျုတာစာရိတ္တပြုပြင်ရေးကျောင်း လို့ သာအမည်ပေးဖို့ပဲ ကောင်းပါတော့တယ် ....

ကွန်ပြူတာတက္ကသိုလ်မြစ်ကြီးနား
ကွန်ပြူတာတက္ကသိုလ်မြိတ်
ကွန်ပြူတာတက္ကသိုလ်မအူပင်ကွန်ပြူတာတက္ကသိုလ်လွိုင်ကော်
ကွန်ပြူတာတက္ကသိုလ် အဲ... အိုင်ယာလန်ကွန်ပြူတာတက္ကသိုလ် ကျောင်းသားများအဲ... နေပြည်တော်မှားလို့ အင်္ဂလန်
ဒီမိုးဝေယံ

No comments:

Post a Comment