Thursday, March 18, 2010

ရွေးကောက်ပွဲကာလအမီ မြန်မာနိုင်ငံတွင် ပထမဆုံး ချထားပေသည့် ဆယ်လူလာမိုဘိုင်းဖုန်းများအား ဂျီအက်စ်အမ်ဖုန်းမျာဖြင့် အစားထိုးလဲလှည်ပေးမည်

ဖုန်းမျိုးစုံစွာ တို့မြန်မာဟေ့




မြန်မာနိုင်ငံမှာ ပထမဆုံး သုံးစွဲခွင့်ပြုတဲ့ လက်ကိုင်ဖုန်း အမျိုးအစား တစ်မျိုးဖြစ်တဲ့ ဆယ်လူလာလိုင်းမိုဘိုင်းဖုန်း (၀၉၉၉၊ ၀၉၉၀) တွေကို ကျပ်သုံးသိန်းအလိုက်ပေးသွင်းပြီး ဂျီအက်စ်အမ်လိုင်းအမျိုးအစားနဲ့ လှဲလယ်ပေးတော့မယ်လို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းနဲ့ နိးစပ်တဲ့ အသိုင်းအ၀ိုင်းကပြောပါတယ်။ ဒီဖုန်းတွေဟာ အရေအတွက် တစ်သောင်းခန့်သာ ရှိပြီး၊ ရန်ကုန် မန္တလေးနဲ့ မြစ်ကြီးနားမြို့ပေါ်မှာပဲ သုံးလို့ရပါတယ်။ အဓိကအားဖြင့် ဌာနဆိုင်ရာက အရာရှိများကို ပေးထားတဲ့ အစိုးရပိုင်ဖုန်းတွေပဲဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းက အရာရှိများသာ ကိုင်ကြတာ များပါတယ်။ ဆယ်လူလာတွေ စတင်ခွင့်ပြုတာက ၁၉၉၀ လောက်ဖြစ်ပါလိမ့်မယ်။ သူအတွက် တာဝါစတေရှင်က သုံးခုလောက်ပဲ ရှိပါတယ်။ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မန္တလေးပါ။ ဆယ်လူလာစနစ်သုံး ဖုန်း အရေအတွက် တစ်သောင်းမပြည့်ခင်မှာ တာဝါတိုင်နဲ့ ဆက်သွယ်ရေးဂြိုလ်တုအလကားပေးမယ့် တရုတ်ကုမ္ပဏီဇက်တီးအီးနဲ့ ဆက်သွယ်မီတာကြောင့် ဂျီအက်အမ်စနစ်ပြောင်းသုံးဖို့ စိတ်ဝင်စားသွားကြပါတယ်။ အဲဒီအချိန်မှာ ဆယ်လူလာစနစ်နဲ့မသွားတော့ဘဲ ခြင်းဖုန်းလို့ လူသိများတဲ့ စီဒီအမ်အေစနစ်ကို လူကြီးတစ်ယောက် မိတ်ဆက်ပြန်ပါတယ်။ ဒါနဲ့ပဲ စီဒီအမ်အေ ပါဝါကွန်တရိုးစတေရှင်တွေ အလားကားလာဆောက်ပေးရင် အဲဒီစနစ်ကို ပြောင်းသုံးမယ်လို ညှိကြတယ်။ ရသွားတဲ့အတွက် စီဒီအမ်အေ မိုဘိုင်းနဲ့ အထိုင်း နှစ်သောင်းနီးပါးလောက် ချထားပေးလိုက်ပါတယ်။ နောက်ပိုင်းတော့ ဂျီအက်စ်အမ်ပဲ ဆက်တိုက်ချထားပေးဖို့ ဖြစ်သွားပါတယ်။ သူက တာဝါစတေရှင်တွေ အားလုံး အလကားဆောက်ပေတားကိုး။ ဒါနဲ့ပဲ ၂၀၀၈ နာဂစ်ဖြစ်တော့ ကိုရီးယားက ကမ်းရိုးတန်းဖုန်းလို့ လူသိများတဲ့ စီဒီအမ်အေ ၅၀၀ နဲ့ ၈၀၀ ကို လှူပါတယ်။ ကွန်ထရိုးစတေရှင်တွေရော ကဒ်ထုတ်တဲ့ စက်တွေပါ ပါပါတယ်။ ဒါနဲ့ အဲဒါကိုပါ ပြောင်းသုံးလိုက်ကြပါတယ်။ အခုချိန်မှာတော့ ဖုန်းမျိုးစုံစွာ တို့မြန်မာပေါ့နော်။ ဒါပေမယ့် ကနဦးချထားပေးတဲ့ ဆယ်လူလာတွေနဲ့ စီဒီအမ်အေ စီးရီးဟောင်းတွေရဲ့ ကွန်ယက်ကို နောက်ရောက်လာတဲ့ လွယ်လွယ်ခေါ်ရင် ကမ်းရိုးနဲ့ ဂျီ ကွန်ယက်တွေက ဖုန်းလွမ်းသွားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်မှုမရှိအောင် (လူကြီးတွေလည်း ကိုင်နေတုန်းမို့) ဂျီအကစ်အမ်နဲ့ အစားထိုးပေးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



No comments:

Post a Comment