ဒီအရက်အတွင်မှာ သံဃာတွေနဲ့ပတ်သတ်ပြီး ဝေဖန်သံတွေကိုကြားတော့ စိတ်မကောင်းဖြစ်မိပါတယ် သံဃာဆိုတာ ဘယ်သော်အခါမှ လိမ်ညာတဲ့ အမှုကိစ္စတွေကို လုပ်မှမဟုတ်ဘူးဆိုတာကို ယုံကြည်ပါတယ် လူသဘာဝအရ မှားတက်ကြတယ် ဆိုတာ ခွင့်လွတ်လို့ရပင်မယ် ကျောက်သွေးသမား၏အမှားအမျိုးကိုတော့ ဘယ်သူမှခွင့်လွတ်မှမဟုတ်ပါဘူး
(ကျောက်သွေးသမား၏ ဆရာ) အရှင်တိဿ ဘ၀ဇာတ်ကြောင်ကို ဒီနေမှာတင်ပြချင်းပါတယ် ဘုရားရှင်ကိုယ်တော်မြတ် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကျောက်သွေးသမားရိုက်သဖြင့် ပရိနိဗ္ဗာန်ပြုရသောအရှင်တိဿကို အကြာင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။
ရဟန္တာပုဂ္ဂိုလ် အရှင်တိဿသည် ကျောက်သွေး သမားတော်တစ်ယောက်၏ အိမ်၌ ဆယ်နှစ်တိုင်တိုင် ဆွမ်း
ဘုဉ်းပေးခဲ့၏။ ကျောက်သွေးသမား မယားကလည်း အရှင်တိဿကို မိဘအရာထား၍ ရိုသေစွာ လုပ်ကျွေး လာခဲ့ကြ၏။ တစ်နေ့သောအခါတွင်ကား ကောသလမင်းကြီး၏ မင်းမှုထမ်း တစ်ယောက်သည် မင်းကြီး၏ ပတ္တမြားကို သွေး၍ အပေါက်ဖောက်ပေးရန် အပ်နှံလာ၏။ ထိုစဉ်ခိုက်တွင် ကျောက်သွေးသမားသည် အမဲသားများကို ခုတ်စင်းလျက်ရှိရာ သွေးပေနေသောလက်ဖြင့် ပတ္တမြားကို ယူပြီးလျှင်ကလပ်ပေါ် တင်ထား
လိုက်၏။ ထို့နောက် ကျောက်သွေးသမားသည် လက်ဆေးရန် ထွက်သွားစဉ် အိမ်တွင်မွေးထားသော
ကြိုးကြာက သွေးပေနေသော ပတ္တမြားကို သားထင်မှတ်၍ မျိုချလိုက်လေသည်။
ကျောက်သွေးသမားပြန်လာသောအခါ ပတ္တမြားကို မမြင်သဖြင့် မယားကိုမေး၏။ သားကိုမေး၏ ။ သူတို့က မယူကြောင်း ပြောဆိုကြသည်တွင် နောက်ဆုံး အရှင်တိဿကိုမေးရာ ကြိုးကြာကို သတ်မည်စိုး၍ မပြာသော
ကြောင့် အရှင်တိဿကို ရိုက်နှက်စစ်ဆေးရန် မယားနှင့်တိုင်ပင်၏။ မယားက “ဤမျှ ကာလပတ်လုံး အရှင်မြတ်မှာ အပြစ်တစ်စုံတစ်ရာ မရှိခဲ့ပါ”ဟု ဆို၍တားမြစ်၏။ ကျောက်သွေးသမားသည် မယား၏ စကားကို
နားမထောင်ဘဲ “အရှင်ဘုရား၏ နေရာ၌ အရှင်ဘုရားမှတစ်ပါး အခြားသူမရှိပေ။ အရှင်ဘုရားသည်သာလျှင် ပတ္တမြားကို ယူထားလိမ့်မည်။ ပတ္တမြားကို ပေးပါ”ဟု စွပ်စွဲ၍ တောင်းဆို၏။ အရှင်တိဿသည်ကား ကြိုးကြာ
မျိုသည်ကို မျက်မြင် ဒီဋ္ဌတွေ့ထားရသော်လည်း ကြိုးကြာကို သတ်မည်စိုး၍ ထုတ်ဖော်မပြောဘဲ “ဒါယကာ၊ ငါ
မယူပါဟူ၍သာ မိန့်ကြားရလေသည်။
အရှင်တိဿက မယူကြောင်းငြင်းဆိုသဖြင့် ကျောက်သွေးသမားသည် အရှင်တိဿ၏ ဦးခေါင်းကို ကြိုးနှင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ပြီးလျှင် ရိုက်၍စစ်ဆေး၏။ အရှင်တိဿ၏ ဦးခေါင်း၊ နားရွက်၊ နှာခေါင်းတို့မှ သွေးစိမ်းရှင်ရှင် ယိုထွက်လာ၏။ ကြိုးကြာသည် သွေးနံ့ရသဖြင့် အနားသို့ လာရောက်ကာ အရှင်တိဿထံမှ ထွက်ကျလာသော သွေးကိုသောက်၏။ ကျောက်သွေးသမားသည် ဒေါသအရှိန်ဖြင့် ကန်လိုက်လေရာ ကြိုးကြာသည် ပက်လက်လန်၍ သေသွားလေသည်။
အရှင်တိဿက “ကြိုးကြာ သေပြီလော”ဟု မေး၏ ။ ကျောက်သွေးသမားက “ကြိုးကြာသေလေပြီ၊ သင်ရဟန်း
သည်လည်း ကြိုးကြာကဲ့သို့ပင် သေရပေအံ့”ဟု ပြော၏ ။ အရှင်တိဿက “ဒါယကာ၊ ကြိုးကြာသေဆုံးပြီဖြစ်
လျှင် ပတ္တမြားကို ကြိုးကြာမျိုထား၏”ဟု မိန့်ကြား၏။ ကြိုးကြာ၏ ဇလုပ်ကို ခွဲကြည့်သောအခါ ကျောက်သွေး
သမားသည် ပတ္တမြားကို မြင်ရ၏။ ဤတွင်မှ ကျောက်သွေးသမားသည် အရှင်တိဿ၏ အနှောင်အဖွဲ့ကို ဖြေပေးပြီးလျှင် ခြေရင်းမှာ ဝပ်စင်း၍တောင်းပန်၏။ အရှင်တိဿက “ဒါယကာ၊ သင့်မှာလည်း အပြစ်မရှိပါ။
သံသရာဝဋ်ဆင်းရဲ၏ အပြစ်သည်သာဖြစ်ပါသည်”ဟု မိန့်ကြား၏။ ကျောက်သွေးသမားက “ဤသို့ဆိုလျှင်
တည့်တော်အိမ်၌ ယခင်အတိုင်း ဆက်လက်၍ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား”ဟု လျှောက်ထား၏။ ထိုတွင် အရှင်တိဿက “ဒါယကာ၊ အိမ်တွင်းသို့ ဝင်မိသည့် အတွက် ဤသို့ခံစားရ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါး
အိမ်သို့မဝင်တော့ပြီ။ ငါ၏ခြေထောက်များ လှမ်းနိုင်သေးသရွေ့အိမ်ပေါက်ဝမှသာ ဆွမ်းခံစားတော့မည်”ဟု မိန့်ဆိုလေသည်။
အရှင်တိဿသည် ထိုဝေဒနာဖြင့်ပင် ပရိနိဗ္ဗာန်စံရ၏။ ကြိုးကြာသည် ကျောက်သွေးသမားမယား၏ ဝမ်း၌ ပဋိသန္ဓေတည်နေ၏။ ကျောက်သမားသေဆုံးသော် ငရဲကျ၏။ သူ၏မယားသည်ကား အရှင်တိဿအား ထာဝဟဉ် ကြည်ညို ဆည်းကပ်လာခဲ့သဖြင့် သေလွန်သောအခါ နတ်ပြည်သို့ လားရ၏။ ထိုသူတို့၏ လားရာဂတိကို ရဟန်းများက မေးလျှောက်ကြသဖြင့် ဘုရားရှင်က အထက်ပါဒေသနာတော်ကို ဟောကြား တော်မူလေသတည်း။
ဆရာကြီးဦးသုခရိုက်ကူးထားသောရဟန်းမစားရသောဆွမ်းတစ်နပ်ကို သတိရမိပါတယ် ၂၀၀၇ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်တွေလက်ကနေ့ လွတ်မြောက်အောင်ထွက်ပြေးတိမ်းရှောင်လာတဲ့ သံဃာဟာ ဆွမ်းစားရတာ ကြိမ်းပေါင်းများစွာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ် ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့ ဒါကာ ဒါကာမတွေအနေနဲ့ တစ်ယောက်အားနဲ့ မတက်နိုသော် အများအားဖြင့် ပှုးပေါင်းဆောင်ရွက်ကြပါလို့တိုက်တွန်းအပ်ပါသည်။
No comments:
Post a Comment