ပြည်မြို့ခံ တစ်ဦးပြောဆိုချက် အရ ဒီနေမနက်မှ ရန်ကုန်ကနေပြီး စစ်တပ်ရဲ့ လက်နက် ခဲ့ယမ်းကား အစီး(၁၀၀)လောက်ချီးတက်လာပြီး ပြည်မြို့ကို ဖြတ်သွားကြောင်း သူတို့အထင်တော့ တိုက်နေကြပြီး ထင်ကြောင်း ရိက္ခာ၊ ဆီ ၊ လက်နတ်တွေပါတယ် သိရပါတယ် GEတပ်က ကားတွေလို့ ပြောဆိုနေကြောင့် အဲဒီမြို့ခံဆက်ပြောပါတယ် ။ မှုဆယ်နဲ့ မိုင်းလားဘက်က အစိုးရ၀န်ထန်းတွေကို စစ်အာဏာရှင်တွေက ၀ပြည်နယ်ထဲကနေ အမြန်ဆုံး ထွက်ခွါပေးပို့ မနေညနေက နေပြည်တော်မှာ ညွန့်ကြားစာများ ပေးပို့ထားကြောင့်သတင်းရှိပါတယ်
ယခုဆိုလျှင် မြစ်ကြီးနားမြို့မှ လက်နက်ကြီးတင်ဆောင်လာသည့်ကား အစီး ၁၀၀ ခန့်အနက် အစီး ၄၀ အား တနိုင်းဖက်သို့ ပို့ဆောင်ရန်ပြင်ဆင်ထားပြီး“ဗန်းမော်ဖက်ကနေတဆင့် ချီတက်လာတဲ့ အမြောက်တွေတင်လာတဲ့ ကားပေါ့နော်၊ ယာဉ်တန်းဟာ အခုအချိန်မှာပဲ နမ္မတီးမှာသူတို့နားနေတာတွေ့ရတယ်။ ဒီမှာ သူတို့ အစီး ၄၀ ရောက်တယ်။ လက် နက်ကြီးခြောက်လက်ပါတယ်။ ခန့်မှန်းရတာတော့ တနိုင်းဖက်ကို ချီတက်မယ်လို့ ယူဆရတယ်။ နမ္မတီး တနိုင်းကားလမ်းပေါ်မှာ ရပ်ပြီးနားနေတယ်။ ဟု ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။”
ယင်းစစ်ကားများသည် နမ္မတီးမြို့သို့ မနေ့နေ့လည်ပိုင်းက ရောက်ရှိလာခြင်းဖြစ်ကာ လက်နက်ကြီး တင်ထား သည့်ကားမှအပ ကျန်ကားများအား စစ်မိုးကာများဖြင့် ဖုံးအုပ်ထား သော်လည်း အလေးချိန်များသဖြင့် ကားလေး များဖြောင့်တန်းနေသည့်အတွက် ခဲယမ်းများ ဖြစ်နိုင်သည်ဟုခန့်မှန်းပြောဆိုနေကြပါသည်။
ထို့အပြင် မိုးကောင်းမြို့ဒေသခံတပ်၏ လက်အောက်ခံတပ်ရင်းများမှ စစ်မှုထမ်းများ၏ မိသားစုဝင်အားလုံးကို မြို့ တွင်း၌ နေထိုင်ခွင့်မပေးတော့ပဲ သက်ဆိုင်ရာတပ်ရင်းများသို့ ပြန်လည်ခေါ်ယူ၍ တပ်လန့်ထားကြောင်း စစ်တပ် အသိုင်းအ၀ိုင်းကလာသည့် သတင်းများအရ သိရသည်ဟုပြောပါတယ်။
“သူတို့ အိမ်ထောင်သည်တွေ မိသားစုတွေ အပြင်မှာနေတဲ့ဟာတွေ အကုန်လုံး သူတို့ တပ်ထဲကို ဆွဲ ထည့်တယ်။ ဆွဲထည့်ပြီးတော့ မိန်းမရောယောကျာ်းရော အကုန်လုံး ရယ်ဒီပုံစံမျိုးနဲ့ ပြင်ဆင် ထား တယ်လို့ သိရတယ်။ ၂၄ နာရီ အသင့်ပြင်ခိုင်းထားတာပေါ့။ ရိက္ခာ ၃ ရက်စာနဲ့ တပ်ထဲမှာ အသင့် ပြင်ပြီးနေခိုင်းထားတယ်လို့ကြားတယ်။”
မြန်မာစစ်အစိုးရက ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) အား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နှင့်ပတ် သက်၍ ဖိအားပေးနေချိန် ယခုလိုစစ်ယာဉ်တန်းနှင့် လက်နက်ခဲယမ်း တင်ဆောင်လာသည့်ကားများ ရောက်ရှိလာ သည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ပေးပို့သူအားကျေးဇူးတင်ပါသည်……………
A Brief Interlude in The Tragedy of Burma
3 years ago
No comments:
Post a Comment