၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့်
နအဖ စစ်အစိုးရ၏လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့်အပြစ်မဲ့သောပြည်သူများသေဆုံးခဲ့ပါသည်။နအဖစစ်အစိုးရ
၏လက်အောက်ခံများသေဆုံးခြင်းမှာဝမ်းနည်းဖွယ်ရာမရှိသော်လည်းကျွန်တော်များဒီမိုကရေစီဘက်တော်သားအပေါင်းတို့မှလူသားချင်းစာနာသောအားဖြင့်ကောင်းမွန်သော
ဘုံဘ၀များသို့ရောက်ရှိစေရန် ဆုတောင်းပေးခဲ့ကြပါသည်။သေဆုံးသွားကြကုန်သောအပြစ်မဲ့ပြည်သူများအတွက်မူရင်ထဲအသည်းထဲမှလှိုက်လှုက်လှဲလှဲဝမ်းနည်းကြရပါသည်။
နောက်နောင်ဘ၀များတွင်လဲစစ်အစိုးရ၏နှိပ်စက်ညှဉ်းဆဲသတ်ဖြတ်ခြင်းခံရသောအဖြစ်ဆိုးများမှကင်းဝေးကြစေရန်ဆုတောင်းမေတ္တာပို့သအမျှပေးဝေခဲ့ကြပါသည်။ယနေ့အ
ထိဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူဦးရေမှာအယောက်၄၀ကျော်ပြီဖြစ်ကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှရရှိပါသည်။၁၉.၄.၂၀၁၀နေ့အထိရေဝေးသုဿန်တွင်ဗုံးပေါက်ကွဲ
မှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ၁၀ဦးတိတိရှိပြီဖြစ်ကြောင်း၊ထိန်ပင်သုဿန်၌သဂြိုဟ်မှုဦးရေမည်မျှရှိသည်ကိုအတိအကျမပြောဆိုနိုင်သေးကြောင်း၊ဒဏ်ရာရထားသူ
များမှာလည်းနောက်ထပ် သေဆုံးနိုင်ဖွယ်ရာရှိကြောင်းကြားသိခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေးသုဿန်၌ မီးသဂြို င်္ဟ်ခဲ့သော သေဆုံးသူလူငယ်လေးမှာ
မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာန၌ သေဆုံးသွားခြင်းဖြစ်ပါသည်။ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှလုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိပါသည်။ယင်းပေါက်ကွဲမှုမဖြစ်ပွားခင်၂ရက်အ
လိုတွင်စရဖထောက်လှမ်းရေးအဖွဲ့ မှသတင်းကြိုတင်ရကြောင်း၊ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဋပ်ပေါ်မှနေ၍LINCONL ကုမ္ပဏီမှဆေးလိပ်များ၊အရက်ပုလင်းများကြဲချရာတွင်
ရော၍ပစ်ချကြောင်း၊ဖေါက်ခွဲမှုပြုလုပ်သူများမှာနအဖစစ်အစိုးရစွပ်စွဲပြောဆိုသောတိုင်းရင်းသားအဖွဲ့ အစည်း၊ကျောင်းသားအဖွဲ့ အစည်းများမဟုတ်ဘဲနအဖစစ်အစိုးရစစ်တပ်မှ
လူများအချင်းချင်းလုပ်ကြံမှုဖြစ်ပါကြောင်းခိုင်လုံသေချာတိကျသောသတင်းရပ်ကွက်များမှပေးပို့လာပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment