Thursday, May 20, 2010

လူတွေအထင်ကြီးတဲ့ရွှေမင်းသမီးက 7days News ဂျာနယ်မှ ဂျာနယ် လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း


၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ကျင်းပသော Johnson n Johnson ကုန် ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး မှ 7Days New ဂျာနယ်မှ ဂျာ နယ်လစ် မိန်းက လေးတစ်ဦး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိ ကျသေချာသော သတင်း ရပ်ကွက်မှ သတင်းရရှိပါသည်။


Photobucket

ဖြစ်စဉ်မှာ အဆို ပါဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေး က ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးအား အင်တာ ဗျူးရန်အတွက် ၄င်းအခမ်းအနား၌ ချိန်းဆို ထားခဲ့သည်။ ချိန်းဆိုပီးနောက်ျာနယ်လစ်မိန်းကလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး၏ အိမ်ထောင်ရေးကိစ္စမှာ တည်မြဲသွားပြီလားဟု မေးမိရာ ၄င်းမှစိတ်ဆိုးမာန်ဆိုးနှင့် မိန်းကလေး၏ ဆံပင်ကိုဆွဲ ကာ ပါးကိုရိုက်နှက်ပြီး လက်သည်းများနှင့်လည်း ကုတ်ခြစ်ခဲ့ သည်ဟု သိရှိရပါသည်။ အထက်ပါ ဖြစ်စဉ်အား ဂျာနယ် လစ်မိန်းကလေးဘက်မှ မြန်မာနိုင်ငံစာပေနှင့် စာနယ် ဇင်းကော်မတီနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား မည်ဟုလည်း သိရပါသည်။


Photobucket

ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်းများသည် မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရ၏ ဆွေမျိုးများနှင့် ပိုက်ဆံ ရှိအသိုင်း အ၀ိုင်းများကြားတွင် အတော်ခေတ်စားနေပါသည်။ ထို့အပြင် မီဒီ ယာ ဘက်မှသာအမြဲရပ်တည်မည်ဟု ကြွေးကြော်ထားသော ဆရာကြီးများအနေနှင့် မီဒီယာဘက်မှ ရပ်တည် မည်လား..? ရွှေမင်းသမီးဘက်မှ ရပ် တည်မည်လားဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏ လွန်စွာမှ မှန်ကန်တိကျ သေချာသော၊ လူ့အခွင့်အရေးကို လေး စားမှုအပြည့်အ၀ရှိသော တရားဥပဒေပိတ်ကား ပေါ်တွင်ဆက်လက် ရှုစားကြပါလို့ …………….

ပေးပို့လာသူ။ မာဃ၀ိဇ္ဇာ

ခမိခဆဲမှာ ကူးယူပါသည်.........

No comments:

Post a Comment