












ကမ္ဘာမြေပြင်ကိုခေတ္တအလည်အပတ်ရောက်ရှိပြီးထာဝရပြန်လည်ထွက် ခွာသွားသောရုပ်ရှင်သရုပ်ဆောင်၊စာရေးဆရာ၊တေးသံရှင်အကယ်ဒမီ
ဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ
သောကြာကြယ်ကြီး လနဲ့နီးသောနေ့ ည ၉း ၀၀ အချိန်၊ ရန်ကုန်မြို့  ကမာရွတ်မြို့ နယ်
ပြည်လမ်းမပေါ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် ကွယ်လွန်သွားသော ရုပ်ရှင်သရုပ်ဆောင်
စာရေးဆရာ၊တေးသံရှင် ၊ သဘာဝမင်းသားကြီး အကယ်ဒမီဦးသုမောင် (ခ) ဦးဗလ၏ကြွင်း
ကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ၂၀.၅.၂၀၁၀ နံနက် ၁၀ နာရီတွင် ရေဝေးသုဿန်၌မီး
သဂြို င်္ဟ်ခဲ့ပါသည်။အကယ်ဒမီဦးသုမောင်၏ ဈာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊
စာပေနှင့်စာနယ်ဇင်းမှ စာပေပညာရှင် ညီအစ်ကိုမောင်နှစ်မများ ၊ ရုပ်ရှင်ဒါရိုက်တာများ၊မိသား
စုဆွေမျိုးသားချင်းများ၊ အကယ်ဒမီဦးသုမောင် ၏ ချစ်ပရိတ်သတ်များမှ စည်ကားသိုက်မြိုက်
စွာ နောက်ဆုံးအနေဖြင့် ဂါရ၀ပြု ပို့ဆောင်နှုတ်ခဲ့ကြပါသည်။မင်းသားကြီးဦးသုမောင်၏ဈာပန
ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးခဲ့သည်ဟုသတင်းရ
ရှိခဲ့ပါသည်။ု
လေးစားဦးညွှတ်လျှက်
Burma Paparazi





No comments:
Post a Comment