နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ ဆင်းရဲ ချမ်းသာမရွေး လူနာများ၏ ရောဂါဝေဒနာများအား အခမဲ့ ကုသပေးလျက်ရှိရာ ၂၀.၉.၂၀၁၀ (တနင်္လာ)နေ့တွင် ခွဲစိပ်လူနာတစ်ဦးအား အရေးပေါ် ခွဲစိပ်ကုသ ပေးခဲ့ပါသည်။ လူနာ၏ ကျောတွင်ရှိသော ၂ လက်မ ပတ်လည်ရှိသော အဆီဖုကြီးအား သုခကုသိုလ်ဖြစ်ဆေးခန်းမတွင် ဒေါက်တာမသီတာနှင့် သူနာပြုဆရာမများတို့မှ အောင်မြင်စွာ ခွဲစိပ်ကုသ ပေးနိုင်ခဲ့ပါသည်။ ထိုလူနာမှာ မိမိ၏ စားဝတ်နေရေးအတွက် ၀က်အရိုးထုတ်သော လုပ်ငန်းကို လုပ်ကိုင်စားသောက် နေရသူဖြစ်သဖြင့် ကံ ကံ၏ အကျိုးကို ခံစားရခြင်းဖြစ်သည်ဟု သူ၏စိတ်တွင် ခွဲစိပ်ခံနေရသည့် အချိန်တွင် ခံစားဖြစ်ပေါ်လျက် ရှိနေတော့သည်။
“ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ”
ယင်း ခွဲစိပ်မှုမှတ်တမ်း ဓါတ်ပုံများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် သုခအလင်းစာကြည့်တိုက်မှူး စောညီစံ တို့မှ မှတ်တမ်းတင်ရိုက်ကူးပေးခဲ့ပါသည်။











No comments:
Post a Comment