Monday, September 20, 2010

တို့တိုင်းပြည်



ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်မစားလေရ၊
ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း ။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်သီးနှံ့ချိုမြ များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရမစားရ၍
တောကပြိတ္တာဖြစ်မည်တည်း။

ဆရာဇော်ဂျီ

ဒီကဗျာလေးကို ဖတ်ပြီးတိုင်း ဆရာ့ကို ပိုပြီးလေးစားလာတယ် ။ သူ့စေတနာနဲ့ မေတ္တာတွေ ၊ မြန်မာလူမျိုးတွေ အပေါ်ကို အားမလိုအားမရ ဖြစ်ဟန်တွေ ၊
မင်းတို့ တွေ မထကြရင်တော့ ဒုက္ခမျိုးစုံခံစားကြရမယ်ဆိုတဲ့ အရာ အားလုံးပေါင်းစုံစွာ ရေးသားခဲ့တာပါ ။ မြန်မာ့ စာပေသမိုင်းမှာ အင်မတန် အကျိုးများစေတဲ့ ဒီကဗျာလေးကိုရေးသားခဲ့တဲ့ ဆရာဇော်ဂျီကို လေးစားစွာ ဦးညွှတ်လျှက်

ဗမာ့သွေး

No comments:

Post a Comment