Friday, September 3, 2010

ဟာသသရုပ်ဆောင် ညီဂျော်၊ ရုပ်ရှင်မင်းသမီး သန်းသန်းစိုး၊ ဆုရွှန်းလဲ့နဲ့  ဂွမ်းပုံကြီးတို့ကို ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းတွေကို ပိတ်ပင်လိုက်ပါတယ်။

















ပြည်သူတွေအတွက် ကူညီပေးနေတဲ့ ဟာသသရုပ်ဆောင် ညီဂျော်၊ ရုပ်ရှင်မင်းသမီး သန်းသန်းစိုး၊ ဆုရွှန်းလဲ့နဲ့  ဂွမ်းပုံကြီးတို့ကို ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းတွေကို ပိတ်ပင်လိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးကနေ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီးသရုပ်ဆောင်များ ဖြစ်ကြတဲ့ သန်းသန်းစိုး၊ ဆုရွှန်းလဲ့၊ နဲ့  ဂွမ်းပုံကြီးတို့ ကို ရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်လိုက်သတဲ့ဗျား။

သူတို့ ကို ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်လိုက်တာက နာရေးကူညီမှုအသင်း (ရန်ကုန်) ကို သွားရောက်လုပ်အားပေးတာတွေ သင်တန်းပေးတာတွေကြောင့်ပါတဲ့။ ပြည်သူတွေအတွက် ကောင်းကျိုးဆောင်ရွက်တာဘဲ။ အထူးသဖြင့် မြန်မာစကားမှာ ရှိပါတယ် “မသာဆယ်ခေါက် ကျောင်းတစ်ခေါက်” ဆိုတဲ့ စကားလိုဘဲ သာရေးထက် နာရေးဆိုတာ ပိုပြီး ဆောင်ရွက်သင့်ကြတယ်ဆိုတာ နားလည်ကြတဲ့သူတွေဆိုရင် အနုပညာရှင်လည်း သူ့ ရဲ့  ကုသိုလ်ကောင်းမှုဆောင်ရွက်တာ အများပြည်သူအကျိုး တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီတာ ဘာများ ပိတ်ပင်တားဆီးစရာရှိပါသလည်း။ လူဆန်တဲ့သူတွေက လူသားအများ ကောင်းကျိုးလုပ်တာကို လူမဆန်တဲ့သူတွေက လူမဆန်တဲ့ လုပ်ရပ် လုပ်ပြီး ပိတ်ပင်ရတယ်လို့  ပြောရတော့မှာဘဲ။



















ဒါကြောင့် နအဖရော နအဖလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက လက်ရှိဦးဆောင်နေသူတွေရော ဒီလုပ်ရပ်က မတရားပါလို့  ပြောလိုက်ပါတယ်။

လူတစ်ယောက်ရဲ့  အတတ်ပညာ ကျွမ်းကျင်ရာ၊ ၀ါသနာပါရာ၊ သက်မွေးဝမ်းကျောင်းပြုလုပ်ရာ၊ ပြည်သူကို အလုပ်အကျွေးပြုစုရာ၊ အနုပညာဖန်တီးရာကို ဒီလို မတရားပိတ်ပင်တာတွေဟာ လူတစ်ယောက်ရဲ့  ဘ၀ကို ရှင်လျက်နဲ့  သတ်ပြစ်လိုက်သလို ဖြစ်တာမို့  ရုပ်ရှင်အစည်းအရုံးရဲ့  တာဝန်ရှိသူတွေဟာ ဒီလို မတရားလုပ်ရပ်တွေ လုပ်တာဖြစ်တဲ့အတွက် အနုပညာရှင်များအားလုံးအနေနဲ့  စုစုစည်းစည်းနဲ့  ဆန့် ကျင်ကန့် ကွက်သင့်ပါတယ်။

ပြည်သူများကလည်း ပြည်သူချစ် အနုပညာရှင်များကို နအဖကနေ ရုပ်ရှင်အစည်းအရုံးကို တစ်ဆင့်ဖိအားပေးပြီး ရုပ်ရှင်အစည်းအရုံးမှာ လက်ရှိဦးဆောင်နေသူတွေဟာ အနုပညာရှင်တွေဘက်က မလိုက်ဘဲ နအဖဘက်လိုက်တာဟာ အနုပညာအသိုင်းအ၀န်းကို သစ္စာဖောက်သလို ပြည်သူတွေအပေါ်မှာလည်း စော်ကားလိုက်တာဘဲ ဖြစ်ပါတယ်။

ဒီအတွက် ဒီလုပ်ရပ်ကို လုပ်တဲ့ နအဖနဲ့ နအဖလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးက လက်ရှိဦးဆောင်နေသူတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

အနုပညာသည် ပြည်သု့ အတွက်၊ ရုပ်ရှင်သည် ပြည်သူ့ အတွက်ဆိုတာကို ဖျက်ဆီးပြစ်နေကြတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့  လက်ရှိ ဦးဆောင်သူများနဲ့  ဖိအားပေးခိုင်းစေနေတဲ့ နအဖအာဏာရူးများကို အနုပညာတန်ဖိုးထားသူ အနုပညာရှင်များနဲ့  မြန်မာပြည်သူပြည်သားများအားလုံးကနေ ကန့် ကွက်ဆန္ဒပြလိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့  လက်ရှိ ဦးဆောင်သူများနဲ့  ဖိအားပေးခိုင်းစေနေတဲ့ နအဖအာဏာရူးများကို ၀ိုင်းဝန်းဆန္ဒပြသင့်ကြပါတယ်။ အစ်ကိုနစ်အားကျေးဇူးတင်ပါသည်.......

No comments:

Post a Comment