
ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူ (ယာအစွန်) ဦးဆောင် ဖွင့်လှစ်ထားသော သရုပ်ဆောင် သင်တန်းတွင် ပါဝင် အကူအညီပေးနေသည့် (ဝဲ မှ ယာ) ညီဂျော်၊ ဂွမ်းပုံနှင့် သန်းသန်းစိုးတို့ ဖြစ်ပါသည်။ (Photo Courtesy of myanmarcelebrity.com)
အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ဦးစံမိုးဝေက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
" ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင် "
ဦးစံမိုးဝေ (RFA) မှ မေးမြန်းပြီး ကိုကျော်သူ ဖြေကြားသည်
ပေးပို့သူ - ကိုမိုး
No comments:
Post a Comment