မြန်မာပြည်သူ/သားများ၏ ဘ၀အခြေအနေ၊ ပတ်ဝန်းကျင်တွင် ရုန်းကန်လှုပ်ရှားရမှု၊ လောကဓံအားရင်ဆိုင်ကြုံတွေ့မှု စသည်များကို ပြည်သူ/သားများအတွင်းသို့ ထဲထဲဝင်ဝင် ၀င်ရောက်၍ ခံစားရေးဖွဲ့ထားသည့် မြန်မာပြည်တွင်းရှိလူသားများ၏ သမိုင်းအစစ်အမှန်၊ ဖြစ်ရပ်မှန်များဖြစ်သော “အထူအပါး” ၀တ္ထုတိုပေါင်းချုပ်အားမွေးဖွားပေးခဲ့သောမိခင် စာရေးဆရာမဒေါ်သန်းမြင့်အောင် (နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး)၏ မွေးဖခင်ကြီးဦးချစ်အောင် အသက် (၈၄) နှစ် သည် ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ပါသည်။
ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဦးစီး၍ ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ် ပေးခဲ့ပါသည်။ယင်းအခမ်းအနားသည် စာရေးဆရာ/မများ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများ၊ စာဖတ်ပရိတ်သတ်များ၊ ကျိုက်ထိုမြို့နယ်ရှိမိတ်ဆွေများ၊ စာရေးဆရာမဒေါ်သန်းမြင့်အောင်အားလေးစားချစ်ခင် ကြည်ညိုကြသည့် ပရိတ်သတ်များစွာတို့နှင့်အတူစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည်။
ထိုကဲ့သို့ တိုင်းကျိုးပြည်ကျိုးပေးဆပ်ကြသောပုဂ္ဂိုလ်ကြီးများ။ ယင်းပုဂ္ဂိုလ်ကြီးများအားမွေးဖွားသန့်စင် ပျိုးထောင်ပေးခဲ့ကြသောမိခင် ဖခင်ကြီးများ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြခြင်းသည် ကျွန်တော်တို့ ပြည်သူ/သားလူသားများအားလုံးအတွက် ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြသောလူသားအကျိုးပြု မိခင် ဖခင်ကြီးများ၊ သူရဲကောင်းများ၊ အာဇာနည်များ၏ အမွေအနှစ်များကိုလက်ဆင့်ကမ်းတိုးပွားလာအောင် ပေးဆပ်ရတော့မည် ဖြစ်ပါသည်။


















No comments:
Post a Comment