Thursday, January 13, 2011

သံဃာတော်တစ်ပါး၏ကိုယ်တွေ့ နိုင်ငံရေး ဖြတ်သန်းမှုသမိုင်း အပိုင်း (၁) စက်တင်ဘာထာဝရ

သံဃာတော်တစ်ပါး၏ကိုယ်တွေ့ နိုင်ငံရေး ဖြတ်သန်းမှုသမိုင်း အပိုင်း (၁)
                                                                                        စက်တင်ဘာထာဝရ
လွန်ခဲ့သောသုံးနှစ်ခန့်က ဦးဇင်းတို့မြန်မာနိုင်ငံတွင်ရဟန်းသံဃာတို့၏ အကြမ်းမဖက်ငြိမ်းချမ်းသော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ဤတော်လှန်းတွင် ရဟန်းသံဃာတော်တို့၏ ပြည်သူ၊ပြည်သား၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် မေတ္တာတာကိုအရင်းခံပြီး ပေးဆပ်မှုများဟာဆိုလျှင်ဖြင့် ကမ္ဘာကြီးကပင် တုန်လှုပ်အံ့သြခဲ့ရပါသည်။

အဘယ်ကြောင့်ဤတော်လှန်ရေးကြီး ဖြစ်ခဲ့ရသနည်းဆိုလျှင်ဖြင့် စစ်အာဏာရှင်တို့၏ ယုတ်မာရက်စက်မှုများကြောင့် မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသမှ မြစ်ဖြားခံဖြစ်ပေါ်လာခဲ့ပါသည်။ အာဇာနည်များဟု ပြော၍ရမည့် အရှင်ပညာစက္ကနှင့်အရှင်ပညာနန္ဒတို့ သံဃာညီနောင်နှစ်ပါးနှင့် ရဟန်းသံဃာ(၅၀၀)ကျော်မှ ပခုက္ကူမြို့ထဲတွင် မေတ္တာပို့သပွဲကို ဦးဆောင်ခဲ့ပြီး စစ်အာဏာရှင်တို့၏ လက်ကိုင်တုတ်ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့်ထောင်ထွက် လူဆိုး သူခိုးများ စုပေါင်းဖွဲ့စည်းထားသော စွမ်းအားရှင်ဟုခေါ်သည့် လူရမ်းကားများနှင့် ပြည်သူကို ရင်ဝယ်သားကဲ့သို့ပြောနေသော စစ်အာဏာရှင် ဦးသန်းရွှေ၏ လက်အောက်ငယ်သား စစ်သားများ၏ ရိုက်နှက်မှုများဟာ ဆိုလျှင်ဖြင့် မြန်မာသမိုင်းတွင်သာမက ကမ္ဘာသမိုင်းမှာပါ မှတ်တမ်းတင်ရလောက်ပေမည်။ ၂၁ရာစုမှာ တစ်ခုတည်းသောနိုင်ငံဟုပြောရပေမည်။ အာဏာရှင်ဦးသန်းရွှေ၏ အမိန့်ပေးစေခိုင်းခြင်းခံရသော မြန်မာပြည်ရှိ ၄ သိန်း နီးပါးရှိသော စစ်တပ်ကြီးမှ စစ်သားတစ်ချို့သည် ဦးဇင်းတို့၏ သာသနာ့နယ်မြေကို သွေးစွန်းအောင် ဆရာတော်နှစ်ပါးနှစ်ကို ၂၀၀၇ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ဓါတ်တိုင်မှာကြိုးတုပ် ရိုတ်နှက်ခဲ့၍ မြန်မာတစ်နိုင်ငံလုံးမှာရှိသည့် ရဟန်းသံဃာများသည် လမ်းမပေါ်ထွက်ဖို့ အတွက် အစပျိုးခဲ့ပါသည်။ …………………………………………………………………………..

သံဃာတော်တွေဟာ ၂၀၀၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ညနေမှာ ပြည်ပသတင်းဌာနတွေရဲ့ ထုတ်လွှင့်ပြောကြားချက်တွေကို ကြားသိရပြီး ယူကြုံးမရဖြစ်ကြရပြီး ၀မ်းနည်းပူးဆွေးမှုတွေက ငြိမ်းချမ်းသော သာသနာနယ်မြေကိုဝင်ရောက်နေရာယူလာခဲ့ပါတယ်။ စက်တင်ဘာလ(၆)ရက်နေ့မှာ မြန်မာနိုင်ငံမြို့တော်နေရာအနှံ့ ဟိုတစ်စု၊ဒီတစ်စု နေရာတိုင်းမှာ သံဃာတွေစုနေခဲ့ကြပါတယ်။ ဘယ်နေရာကိုပဲသွားသွား ဒီသတင်းကိုပဲကြားနေရပါတယ်။ အံ့သြတုန်လှုပ်စရာလို့ပြောရမှပါပဲ။ သံဃာတွေထံမှတဆင့် ဆွမ်းခံဒါယိကာ၊ဒါယိကာမတွေရဲ့ အိမ်တွေကိုပါရောက်ပြီး အရှင်ဘုရားတို့ဟိုသတင်းကြားလားဘုရား၊ အရှင်ဘုရားတို့ဘာတွေလုပ်ကြမလဲ၊ တပည့်တော်တို့ ဒကာ ဒကာမတွေကိုလည်းမိန့်ပါဦးဘုရား စသည့်ဖြင့် အသံမျိုးစုံ ကြားနေရတယ်။ အရှင်တို့တောင်းဆိုကြပါဘုရား၊ ဗုဒ္ဓဘုရားရှင်ရဲ့ဝိနည်းတော်အရ စစ်အာဏာရှင်တွေကိုဘယ်လိုလုပ်ရမလဲဘုရား၊ ဆရာတော်ကြီးတွေလဲ ဒီလိုသီတင်းတွေကြောင့် စိတ်မချမ်းသာဖြစ်ကြရပါပြီ၊ တပည့်ရဟန်းတွေအတွက် စိုးရိမ်းသောကဖြစ်ကြရသလို တပည့်ဒါယိကာ၊တပည်ဒါယိကာမတွေရဲ့ လျှောက်တင်ချက်တွေကို ဖုန်းသံကတစ်ဆင့်ကြားနေရလို့ လူကိုယ်တိုင်ကျောင်းတိုက်တွေကို ရောက်လာပြီး ဆရာတော်ဘုရားတို့ကယ်မှ တပည်တော်တို့သာသနာ့နယ်မြေ ငြိမ်းချမ်းပါမယ်ဘုရား၊ အရှင်ဘုရားတို့သနားညှာတာကယ်မတော်မှုကြပါဘုရားလို့ လျှောက်တင်ချက်တွေကို နားမဆံ့အောင်ကြားနေရပါတယ်……

ဦးဇင်းတို့ သံဃာတွေဟာ စစ်အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ယုတ်မာရက်စက်မှုကို မခံနိုင်အောင်ဖြစ်ပြီး လမ်းမပေါ်ထွက်ဖို့ အစပျိုးခဲ့ကြပါတယ်။ အသက်ရာကျော် အဘိုးအဘွားတွေ၊ လူကြီးသူမတွေ ၊ငါးနှစ်သားကလေးငယ်တွေကစလို့ ဦးဇင်းတို့လှပ်ကြပါ တပည်တော်တို့ကတော့ ဒီစစ်သားတွေကို မကြေဘူးဘုရား၊ ရရာလက်နက်တွေနဲ့ ပြန်တိုက်ချင်တယ်ဘုရား၊ အရှင်ဘုရားတို့ဦးဆောင်ပေးကြပါ၊ တပည့်တော်တို့ တိုင်းပြည်မှာ ဒီလိုဝမ်းနည်ကြေးကွဲရမယ့် အဖြစ်မျိုးကို တပည့်တော်တို့နိုင်ငံကို အင်္ဂလိပ်အုပ်စိုးနေခဲ့တဲ့ အချိန်မှာတောင် မဖြစ်ခဲ့ပါဘူးဘုရား။ ရဟန်းသံဃာတွေကို လမ်းမပေါ်မှရိုက်နှက်တာ မရှိခဲ့ပါဘူး။ အခုတော့ ကမ္ဘာကြီးကို ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်း ဗန်းပြ ဘုရားဆောက်၊ ကျောင်းတည်၊ ရေးတွင်းရေးကန်တူး လမ်းဖေါက်လုပ်ပြနေတဲ့ စစ်အာဏာရှင်တွေက သံဃာတော်တွေကို လမ်းမပေါ်မှာ ဓါတ်တိုင်မှာကြိုးနဲ့တုပ်ပြီး ရိုက်နှက်ပြတာကတော့ ဘာသာအရေးအရ အဆိုးဆုံးစိန်ခေါ်မှုကြီးပါပဲ။
အရှင်တို့အနေနဲ့ ဘာသာရေးအရ အရေးယူဆောင်ရွက်ကြဖို့ သာသနာ့နယ်မြေ့ကို တပည့်ဒါယိကာ၊ ဒါယိကာမတွေ တစ်ဖွဲဖွဲရောက်လာကြပါတယ်။ သူတို့တွေရဲ့ စည်းစိမ်ဥစ္စာတွေကိုပေးပါမယ်၊ သာသနာ့ရန်ကိုကာကွယ်ကြပါဘုရား လို့တစာစာအော်ဟစ်နေတဲ့ မျက်ဝန်းတွေက မျက်ရည်စက်တွေဟာဆိုရင် ဦးဇင်းတို့ရဲ့နှလုံးသားကို ဓါးနဲ့လှီးနေသလိုခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ သံဃာအဖွဲ့တွေကိုဖွဲ့စည်းကြဖို့ ပြည်ပသတင်းဌာနတွေကနေ ပြောဆိုနေကြတဲ့ ရဟန်းသံဃာတွေလည်းရှိနေကြပါတယ်။ သူတို့တွေရဲ့တောင်းဆိုတိုက်တွန်းချက်တွေကလည်း ရွှေဝါရောင်တော်လှန်ရေးအတွက် အင်အားထပ်မံဖြစ်ခဲ့ရပါတယ်။

ဦးဇင်းတို့သံဃာတွေကတော့ ရန်ကုန်မြို့မှာရှိနေတော့ သာသနာ့တက္ကသိုလ်က ဆရာတော်ကြီးတေ၊ွ ထေရ၀ါရသာသနာတက္ကသိုလ်က ပါမောက္ခဆရာတော်တွေရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်က ကျောင်းထိုင်ဆရာတော်ကြီးတစ်ချို့ထဲမှ ဆရာတော်တွေကိုပင့်ဖိတ်ပြီး အရေးပေါ်အစည်းဝေးတွေကို လုပ်ခဲ့ကြရပါတယ်။ သံဃာတော်တွေကြားထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဓမ္မနှင့်အဓမ္မယှဉ်ပြိုင်ရာ ဓမ္မဘက်ကအနိုင်ရပြီး လမ်းမပေါ်ထွက် မေတ္တာပို့သဖို့ရန်အတွက် သဘောတူခွင့်ပြုချက်တွေရခဲ့ပြီး ဦးဇင်းတို့သံဃာတစ်စုဟာ ၀ိနည်းတော်နဲ့အညီ သပိတ်မှောက်ဖို့ရန်အတွက် သမိုင်းအထောက်ထားတွေကို ဗုဒ္ဓစာပေးအရအရှိမရှိဆိုတာကို အရင်ဆုံးရှာကြရပါတယ်။ ဒီနေရာမှာ ၁၉၉၉ ခုနှစ်က ပတ္တနိကုဇ္ဖနကံဆောင်မှု သမိုင်းတွေကိုရှာပြီး သပိတ်မှောက်ဖို့ကို စတင်ခြေလမ်းခဲ့ရတယ်။ ကိုယ့်ရှေ့ကဆရာတော်တွေရဲ့ ဗုဒ္ဓ၏၀ိနည်းတော်နှင့်အညီ လုပ်ဆောင်ခဲ့တာတွေကိုကြည့်ပြီး တို့တွေလဲဘုရားဝိနည်းတော်နဲ့အညီ သပိတ်မှောက် ကံဆောင်မှုပြုရမယ်။ ဆုံးဖြတ်ချက်ကြတဲ့ အချိန်မှာ သံဃာတွေဟာ သာဓုသုံးကြိမ်ရွတ်ဆိုသဘောတူညီမှုပေးခဲ့ရပါတယ်။

မှတ်ချက် ။ ။ ဒီနေရာမှာ ဘာသာအရ သဘောတူးတယ် ဆိုရင်တော့ သာဓုခေါ်ကြပါတယ်။ လောကီလူသားတွေကတော့ သဘောတူတယ် ဆိုရင်ပဲ လက်မှတ်ရေးထိုးစာချုပ်လုပ်ကြပါတယ်။ ဦးဇင်းတို့ သံဃာတော်တွေကတော့ ဗုဒ္ဓဘာသာအရသော်လည်းကောင်း၊ ဘုရားရှင်ရဲ့ဝိနည်းတော်အရပါ သာဘောတူရင် သာဓုခေါ်ကြပါတယ်။ တော်ကြာ ယနေ့ခေတ်ကာလကြီးမှာ လူငယ်တွေဟာ သာဓုခေါ်တာပဲ ဘာအဓိပါယ်ရှိမှာလည်းဆိုတဲ့ အတွေးဝင်သွားမှာဆိုးလို့ ရှင်းပြတာပါ။ ခေတ်ကာလကြီးကတိုးတက်လာပြီး လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကလဲ ဒီဂျီလ်တယ်လို့ပြောနေတဲ့ ခေတ်ကြီးကို အပြိုင်လိုက်နေကြတော့ ဗုဒ္ဓဘာသာဟာ လူငယ်တွေအကြားမှာ တိမ်ကောရမယ့် အခြေနေတွေက တစ်စတစ်စဖြစ်နေပါပြီ။ အစဉ်အလာအရကိုးကွယ်မှုတွေ များလာတဲ့ခေတ်ကြီးမှာ ဗုဒ္ဓသာသနာတော်ဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေတာ တွေ့မြင်နေရပြီ။
အနာဂတ် သာသနာတော်အတွက် အင်မတန်မှ ရင်လေးစရာဖြစ်နေရပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာတာကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာတွေ ပျက်စီးလာတာကတော့ ဗုဒ္ဓဘာသာ အရ သိပ်ပြီးမကောင်းတဲ့ အရာတွေပါပဲ။ စစ်အာဏာရှင်လက်အောက်မှမွှေးဖွားလာတဲ့ ဦးဇင်းတို့ဟာ တစ်ခုတည်းသော  အသိဥာဏ်နှင့် ယှဉ်သော ကိုးကွယ်မှုဆိုတာ လူသားတို့်သည် ကာလကြာမြင့်စွာပင် မိမိတို့ကိုးကွယ်ရာအား မျက်မှန်း ရမ်းဆ ကိုးကွယ်မှုဖြင့် အစပျိုးခဲ့ပါကြရာမှ ဆင်ခြင်တုံတရားနှင့် ယှဉ်သည့် ကိုးကွယ်မှုကို ရှာဖွေနှစ်သက်လက်ခံလာကြပေသည်။
ဗုဒ္ဓဘာသာ ကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး


ထိုသို့ သဘာဝဘေးဒဏ်များ။လူတို့ စိတ်ကူးဖြင့် ဖန်းတီးရယူသည့် နတ်ဒေ၀တာနှင့် အနန္တ တန်းခိုးရှင်များအား ကာလကြာမြင့်စွာ ကိုးကွယ်လာခဲ့ကြရာမှ ခရစ်မပေါ်င်္မီ ၆-ရာစုတွင် မဇ္ဈိမဒေ၌ လူသားထဲမှ မဟာလူသားဗုဒ္ဓ ပွင့်ထွန်းလာခဲ့ပေသည်။
ဂေါတမ ဘုရားရှင်သည် သတ္တ၀ါ ဝေနေယျတို့အတွက် စစ်မှန် မွန်မြတ်၍ အစ၊ အလယ်၊ အဆုံး သုံးပါးအစုံ ကောင်းခြင်း  ဂုဏ်ဖြစ်သည့် သွာက္ခာတ္တာ အစဖြာသော ဂုဏ်တော် ခြောက်ပါးနှင့်ပြည့်စုံပြီး သံသရာ ၀ဋ်ဆင်းရဲ့မှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါးကဲ့သို့သော လမ်းကြောင်း လမ်းမှန်(ဓမ္မ)ကို ညွန်ပြတော်မှုကာ တပည့်သာဝကတို့ ကျင့်ဆောင်ရာ (၀ိနယ) ၀ိနည်း၊သိက္ခာပုဒ်များ ပညတ်တော်မှု၍ သက်တော်ရှစ်ဆယ် ၀ါတော် လေးဆယ့်ငါးတွင် ပရိဗ္ဗာန် ၀င်စံတော်မှုခဲ့လေသည်..။
ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ ကိုယ်တော် အစိတ်စိတ်မှ ဖြစ်သော ဓါတ်တော်များအား ထည့်သွင်း ဌာပန၍ ထူပါ(စေတီ-ပုထိုး)များ တည်ထားကိုးကွယ်ပြီး သက်တော်ထင်ရှား ဘုရားရှင်အား ရည်ညွန်းအာရုံပြု၍ ကိုးကွယ်ခဲ့ကြပါတယ် ဦးဇင်းတို့မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သလို့ မြန်မာနိုင်ငံရှိ စေတီပုထိုး ရုပ်ပွားဆင်းတုတို့၏ သမိုင်းသက်တမ်းသည်လည်း ကာလရှည်လျားခဲ့ပေပြီး  ယနေ့ခေတ် စစ်အာဏာရှင်များလက်ထက်မှာတော့ ဗုဒ္ဓသာသနာတော်ဟာ ပျက်စီးဆုံးရှုံးနေပါပြီ။ သမိုင်းကိုဖျောက်နေတဲ့ စစ်အာဏာရှင်အုပ်စုကြောင့် မြန်မာနိုင်ငံမှာ မိမိတို့အထွဋ်အမြတ်ထားရာ ဘုရား၊ကျောင်း၊ကန်၊စေတီပုထိုးတွေကို ခုတုံးလုပ်ပြီး သာသနာတော်ကိုဖျက်စီးနေသော စစ်အုပ်စုကို ၂၀၀၇ခုနှစ်မှ ရဟန်းသံဃာတွေက ပတ္တနိက္ကုဇ္ဖနကံဆောင်သပိတ်မောက်မှုတွေကို ပြုလုပ်ခဲ့ပါတယ် ။

ထိုသို့ တိုးတက်ဖြစ်ထွန်းမှုများ ရှိသကဲ့သို့ အခြားတစ်ဖတ်မှ ကြည့်ပြန်လျှင်လည်း စစ်အာဏာရှင်လက်ထက်မှာ သာသနာပြုအမည်ခံ ဘိုးတော်မယ်တော်များ၊ ပေါက်ဆရာများ၊ တစ်စခန်းထလျက် အကွပ်မဲ့ကြမ်း ပရမ်းပတာပြုမှုပြီး ရှေးဟောင်းစေတီ ပုထိုးများအား ဖြိုဖျက် ဌာပနာဖောက် ကိုယ်ကျိုးအတွက် ယူငင်သုံးစွဲကြရုံမျှမက စစ်အာဏာရှင်အုပ်စုဖွဲ့ ဂိုဏ်းသမားတို့ တည်ထားကြသည့် ဂိုဏ်းဘုရား စေတီပုထိုးများ ရုပ်ပွား ဆင်းတုတို့သည်လည်း ဂိုဏ်းဆန်ဆန် ဖြစ်လာကြကာ ထုလုပ်အပ်သည့် ရုပ်ပွား ဆင်းတုတို့သည်လည်း ဘုရားဆင်းတုနှင့် မတူတော့ဘဲ ဂိုဏ်းတစ်ခုကို ကိုယ်စားပြုသည့် အမျိုးအမည် ခွဲခြားမရစကောင်းသည့် ရုပ်တုတစ်ခုသဖွယ် ဖြစ်လာရလေတော့သည်။

ဥပမာအားဖြင့် ဦးသန်းရွှေပုံတူ ဘုရားလို့ နာမည်ကြီးတဲ သမိုင်းဝင်ရွှေတိဂုံဘုရားကြီးကို အရုပ်ဆိုးအကြီးတန်းစေသည့် ရွှေတိဂုံဘုရား မြောက်ဘက်ပုဒ်မှာနှင့် အနောက်ဘက်ပုဒ်ဦးနှစ်ခုကြားက ဦးသန်းရွှေရဲ့ မျက်နှာတော်ပုံတူဘုရားကို ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးကိုယ်တိုင် မြန်မာနိုင်ငံကိုရောက်တဲ့ အချိန်မှာ သွားရောက်ဖုးမျှော်ကြရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်က သမိုင်းဝင်ဘုရားဝန်းတွေမှာ ဦးသန်းရွှေဟာ ဘုရားရှင်နှင့် အပြိုင်နေရာယူနေတာကိုတွေကြမှာပါ။ အာဏာကိုလက်လွှတ်ဖို့ဆိုတာ သူသေသွားမှဖြစ်ပါလိမ်။ ဒါတောင် အာဏာကိုလက်လွှတ်ချင်မှ လွှတ်မှာပါ ဦးဇင်းတို့တွေအားလုံး အခုချိန်မှာ သတိရှိရှိလုပ်ကိုင်ကြဖို့လိုပါတယ်။

ဒီနေရာမှာ ဦးဇင်းထပ်ပြောချင်တာက တစ်ချို့သော ဒါယိကာ ဒါယိကာမတွေက အရှင်ဘုရားတို့နှင့်နိုင်ငံရေး ဘာဆိုင်လဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏမေးခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံဆိုတာကို ဦးဇင်းတို့အားလုံးသိပါတယ်။ ဗုဒ္ဓဘုရားပွင့်တော်မှုရာ နေရာဆိုရင်လည် မမှားပါဘူး။ အဲဒီမှာ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင်က  နှစ်ပြည်ထောင်မင်းတိုရဲ့ စစ်ပွဲကို တရားပြဆုံးမတော်မှုခဲ့ပါတယ်။

အိုအရှင်၊၊ မေတ္တာဂရုဏာတရား၏ လင်းရောင်ခြည်ဖြင့် ရှေ့ဆောင်လမ်းပြတော်မှုပါလော့။ စိတ်ပျက်အားငယ်နေသော အဖြစ်တွင် တပည့်တော်အား အရှင်မြတ်ဘုရားကိုယ်တော်တိုင် ရှေ့ဆောင်လမ်းပြတော်မှုပါလော့။ ရှေ့သို့တစ်လှမ်းတိုး နိုင်ယုံမျှ ရှေ့ဆောင်လမ်းပြတော်မှုလျှင်ပင် တပည့်တော်အဖို့ တော်လှ၊ လုံလောက်လှပါပြီ။ အရှင် လမ်းပြတော်မှုပါ။ အရှင်သခင်၊ အရှင်တော်မြတ်ဘုရား။
ဆက်လက်ဖော်ပြပါဦးမည်။

                                                                                                                            စက်တင်ဘာထာဝရ


ဗုဒ္ဓဘာသာ ကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး (facebook share)



 
No.1 စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း၏ ခေါင်းဆောင် ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး တစ်ဦး ရန်ကုန်မြို့တွင်း စည်းရုံးသိမ်းသွင်းခြင်များ ပြုလုပ်နေကြာင်းသိရသည်။ ကုလား ဘုန်းကြီး၏ ဘွဲ့အမည်ကို ဆရာတော် အရှင် Eiddidpala ဟု ပေးထားသည်။ ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။

“သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ သာခေါ်ရတယ်။ သူ့လုပ်ရပ်တွေက ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ တခြားစီပဲ။ ဟောကြားချက်တွေထဲမှာ သာဓုမခေါ်နဲ့ ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။ သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ သင်တန်းသားတွေက လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတာပဲ။ ဘယ်လိုတွေလဲမသိဖူးဗျာ ကြည့်ရ အတော်ဆိုးတယ်။”ဟု ရန်ကုန်မြိုခံ တစ်ဦးက ပြောပြသည်။

ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင် လုပ်ဆောင်နေသာ ကုလားဘုန်းကြီးအား စစ်အုပ်စုအာဏပိုင်များမှ အရေးယူ ထိန်းသိမ်းခြင်းမျိုးမရှိသည့် အပြင် အားပေးကူညီနေသောကြောင့် သဃာတော်များနှင့် ပြည်သူလူထုမှ အလွန်စိတ်သောက ဖြစ်နေကြကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် သံဃာတော်တွေ မေတ္တာပို့ လမ်းလျှောက်ခြင်းအား စစ်အုပ်စုအာဏပိုင်များမှ အပြင်းအထန် အတင်းနှိမ်နင်း သတ်ဖျက်ပစ်ခဲ့ကြသည်။
http://www.humanright-myanmar.com/2011/01/facebook-share_13.html
ဗီဒီယိုင်ဖိုင် ကြည့်ရန်။


No comments:

Post a Comment