Friday, February 4, 2011

အမှောင်ထဲက မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ အလင်းထဲမှာ မိုက်မှောင်နေကြတဲ့ အာဏာရှင်များ...

(နအဖရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခု) ဒီလို လူမရောက်သူမရောက် တောင်ကြော တောင်ကြားတွေ ကြားထဲမှာ  နအဖက ဒီလို လျှို့ဝှက်စီမံကိန်းတွေအတွက် စက်ရုံပေါင်းများစွာ  တည်ဆောက်ထားပါတယ်...။ ဒီ့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကိုတော့ ပုံမှာမြင်ရတဲ့  အတိုင်းပါပဲ...
 
ကဲ.. အာဏာရှင်တွေကတော့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ နေပြည်တော်ကြပ်ပြေးမှာ ထိန်ထိန်ညီးနေအောင် မင်းတရားကြီးတို့ အာဏာရှင် လူတစ်စုအတွက် တစ်သက်တာ ကိုယ်ပိုင်မြို့တော် တည်ဆောက်ထားပါတယ်...။  ရေအလျှံအပယ် မီးအလျှံအပယ်လေ..။ ပြည်သူ့ဘဏ္ဍာငွေတွေကတော့ သမီး၊ ယောက်ဖတွေ အချင်းချင်း Project တွေချပေးပြီး လှည့်ပတ် ယူနေကြတာပေါ့..။
ချဉ်သီးပင်အောက် ချဉ်သီးပျောက်နေတဲ့ ဓာတ်အားလိုင်းတွေအောက်က ရေမရ၊ မီးမရတဲ့ လှိုင်သာယာက မြန်မာပြည်သူတွေရဲ့ ဘဝတွေပါ (ပုံ.. AP)
 အခြေခံလူတန်းစား မြန်မာကလေးငယ် နှစ်ဦးရဲ့ အမှောင်အောက်က ပညာရေးနဲ့ ဖယောင်းတိုင်မီးကို အားထားပြီး စာဖတ်နေရတဲ့ ဘဝတွေပါ...
ကြပ်ပြေးက ပုံတွေပါ.. Play နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်...။
ကဲ ဒီပုံတွေက ကြပ်ပြေးက လွှတ်တော် အမတ်မင်းကြီးတွေ တက်ရောက်နေတဲ့ နေပြည်တော်က မင်းတရားကြီးရဲ့ မြို့တော်ကပုံတွေပါပဲ..။ သမိုင်းဝင် ရန်ကုန်မြို့တော်ကြီးကိုတော့ အာဏာရှင်တွေမှ မတူမတန်သလို ကန်ချခဲ့ပါပြီ။ မတရားသဖြင့် စားပိုးနှင့်မတက် ရယူထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေတွေကို တရားဝင် အစစ်အဆေးမရှိ သုံးစွဲနိုင်ဖို့ အစိုးရတောင် ဖွဲ့ဖို့ပြင်ဆင်နေပါပြီ။ စာရင်းမရှိ အင်းမရှိ သုံးစွဲထားတဲ့ ကြပ်ပြေး၊ ဗိုလ်ချုပ်ကြီးတွေ မတရားရယူထားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ နအဖရဲ့ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းတွေအကြောင်းကို လွှတ်တော်ထဲမှာ ဆိုကြမယ် အော်ကြမယ် ဆိုတဲ့ အမတ်မင်းများ လေသံတောင် ထွက်ရဲလား မထွက်ရဲလားဆိုတာ စောင့်မျှော်ကြည့်ရှူ ကြတာပေါ့ဗျာ...။
ဒီမိုဝေယံ
အကို ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment