Thursday, March 10, 2011

ပြီးခဲ့တဲ့ စနေ့နေ့က ပျက်ကျခဲ့တဲ့ An-148 မှ သေဆုံးတစ်ဦးချင်းစီရဲ့ ကျန်ရစ်သူ မိသားစုများတွေ အတွက် ရုရှား ရူဘယ်(၁)သန်း နဲ့ညီမျှတဲ့ ဒေါ်လာ (၃၅၀၀၀)စီပေးမယ်တဲ့ သေဆုံးသူ မြန်မာလေတပ်အရာရှိ နှစ်ဦးကတော့....

မြန်မာလေတပ်အရာရှိ နှစ်ဦးကတော့....

ပြီးခဲ့တဲ့ စနေ့နေ့ မနက်ပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ An-148အမျိုးအစား လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အဆိုပါ လေယာဉ်ကုမ္ပဏီမှ ရုရှားရူဘယ် ၁သန်းနဲ့ညီမျှတဲ့ ဒေါ်လာ ၃သောင်း၅ထောင်စီ အား ပေးအပ်သွားမှာ ဖြစ်ကြောင်း ရေးသားဖော်ပြထားပြီး ... ဒီကနေ့ (၉)ရက်နေ့မှာတော့ သေဆုံးသွားသူ လေးဦးအား အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပါတယ်..။
The managers of the Voronezh Aircraft Plant have decided to pay at least a million rubles ($35,000) in compensation to each family of the victims and to cover funeral expenses, the press service of the plant said.
အဆိုပါ ပျက်ကျသွားတဲ့ လေယာဉ်ပျံဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်ထဲက မြန်မာအစိုးရမှ အော်ဒါ မှာယူထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်...။ အဆိုပါလေယာဉ် ဟာ အမြန်နှုန်း တင်သည့်အချိန်၌ လေယာဉ်အင်ဂျင်တွင် ဖိအားပြင်းထန်စွာ ဖြစ်ပေါ်ပြီး လေထဲတွင် ပေါက်ကွဲပြီး ပျက်ကျသွားခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ အစားထိုး လေယာဉ်တစ်စီးအား ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ယနေ့ ရုရှား သတင်းဋ္ဌာနများတွင် ရေးသားပါရှိပါသည်...။ ဒါကတော့ ရုရှားသတင်း တစ်ပိုင်းပါ..
 ကဲမြန်မာစစ်အစိုးရရဲ့ အာဘော် သတင်းစာမှာတော့ အစိုးရက လျော်ကြေးပေးဖို့ ဝေးစွ သေဆုံးသူ နှစ်ဦးဟာ မိမိနိုင်ငံသား ဖြစ်ကြောင်းကိုတောင် ရေးသားဖော်ပြထားခြင်း မရှိသလို.. ဖော်ပြပါရှိတဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းအနီး ပျက်ကျတယ်ဆိုတဲ့ ဖော်ပြပါပုံ ဟာလည်းသံသယ ဖြစ်ဖွယ်ရှိပါတယ်..။ ဘယ်သတင်းဋ္ဌာနမှလည်း ဟင်းသီးဟင်းရွက် စိုက်ခင်းအနီး ပျက်ကျတယ်.. လို့ ဖော်ပြထားတာ မတွေ့ရှိမိပါဘူး..။ ရုရှားနိုင်ငံက သူ့နိုင်ငံသား သေဆုံးသူတွေကို အခမ်းအနားနဲ့ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပေမယ့် သေဆုံးသူ မြန်မာလေတပ်မှ အရာရှိနှစ်ဦးရဲ့ သတင်းကတော့ ယခုထက်ထိ မြန်မာစစ်အစိုးရအာဘော် သတင်းစာတွေမှာ ဖော်ပြပါရှိခြင်း မရှိသေးပါဘူး..။ စစ်အာဏာရှင်တွေရဲ့ လိုရင်လိုသလို မလိုအပ်တဲ့ အခါမှာလည်း မျက်နှာလွှဲ ခဲပစ် တာဝန်မဲ့တဲ့ လုပ်ရပ်တွေပါပဲ..။ ကျန်ရစ်သူ မိသားစုတွေဟာလည်း ထောက်ပံ့မှု ရမရအသာထား နေထိုင်နေရတဲ့ ၁၀မိုင်အရာရှိ ရိပ်သာကမှ ဘယ်နေ့ ဆင်းပေးရမယ်မှန်း မသိတဲ့ ဘဝအခြေအနေပါပဲ..။ အီရတ်နိုင်ငံမှာ အမေရိကန်စစ်သားတွေ မည်မျှသေဆုံးနေတာ ကိုနေ့စဉ် အတိအကျ ဖော်ပြနိုင်ပြီး  မိမိနိုင်ငံသားတွေ သေဆုံးရတဲ့ သတင်းကိုတော့ အပြည့်အဝ အမှန်အတိုင်း ဖော်ပြနိုင်ခြင်းမရှိပါဘူး။ စစ်အာဏာရှင်ခေတ် ကျောသားရင်သား မခွဲခြားဘဲ ပြည်သူတွေကို ကာကွယ်စောင့်ရှောက် နေပါတယ်ဆိုတာ ဒါကို ခေါ်ပါသလား အာဏာရှင်ကြီးများ ခင်ဗျား....။
ရုရှားသတင်းဋ္ဌာမှ ထုတ်လွှင့်သွားတဲ့ .. လေယာဉ်ပျက်ကျသွားတဲ့ နေရာမှ ရုပ်သံသတင်း.. 
အကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်။

No comments:

Post a Comment