Friday, March 25, 2011

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင်ဒဏ်ကြောင့် မြန်မာဘက်အခြမ်း၌ ယခုလက်ရှိ သေဆုံးသူ (၇၄)ဦး နဲ့ ဒဏ်ရာရသူပေါင်း ၁၁၁ဦးရှိပြီ ဖြစ်ကြောင်းသိရှိရ... (ရုပ်သံ)

ထိုင်းနိုင်ငံဘက် အခြမ်းမှ ပြိုကျပျက်ဆီးသွားတဲ့ စေတီတော် တစ်ဆူ.. (ဓာတ်ပုံ Reuters)
မနေ့က ထိုင်း၊မြန်မာ နယ်စပ်မှာ လှုပ်ခတ်ခဲတဲ့ ၆.၈ ပြင်းအား မြေငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့အပါအဝင် ထိုင်းနိုင်ငံချင်းရိုင်ခရိုင်၊ ဘန်ကောက်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့အထိ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်..။

ယနေ့မြန်မာစစ်အစိုးရ သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ သေဆုံးသူ ၇၄ဦး ဒဏ်ရာရသူ ၁၁၁ဦး ရှိနေပြီလို့ ဆိုပါတယ်..။ လူနေအိမ်ခြေ ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရ အဆောက်အဦး ၉လုံး ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်..။ ယခုလက်ရှိ နောက်ဆုံး ကြေငြာခဲ့တဲ့ သတင်းပါ စာရင်းဖြစ်ပါတယ်..။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ဋ္ဌာနေကိုယ်စားလှယ် အရာရှိတစ်ဦးရဲ့ အဆိုအရ တာချီလိတ်မြို့ရဲ့ ၅မိုင်ခန့်အကွာ Mong Lin village (မုန်းလင်းရွာ) မှာ သေဆုံးထိခိုက်မှုနဲ့ အပျက်အဆီး အထူးများပြားတယ်လို့ ဆိုပါတယ်..။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဆိုပါဒေသ၌ သေဆုံးသူ ၂၉ဦးနဲ့ ဒဏ်ရာရရှိသူ ၁၆ဦးရှိတယ်လို့ ဆိုပါတယ်..။ နောက်ထပ် စစ်အစိုးရ အာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ တာလေမြို့မှာ ၁၁ဦးသေဆုံးပြီး ၂၉ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်..။ ကုလသမဂ္ဂအရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါမြို့မှ ဆေးရုံ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားပြီး မြို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်း ပျက်ဆီးသွားတဲ့ အတွက် ကယ်ဆယ် ထောက်ပံ့ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်..။

 (The Star သတင်းဋ္ဌာနပါ သတင်းအား အကျဉ်းချုပ် ပြန်ဆိုပါသည်...။ ဒီမိုဝေယံ..)
 
ဗီဒီယို ဖော်ပြခွင့် ပြုတဲ့ ကိုနစ်အားကျေးဇူးတင်ပါတယ်..

ယနေ့ နအဖါ (တစ်မျိုးတော့ မထင်ပါနဲ့ သတင်းမှန်တွေကို ဖယ်ဖျောက်ပြီး ဖါထေးနေတဲ့) သတင်းစာ ပါသတင်း..။ သတင်းကို အမှန်အတိုင်း အမြန်ဆုံး ထုတ်ပြန်ပေးနိုင်မှ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် နိုင်ငံတကာမှ အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်..။ 
 
 

No comments:

Post a Comment