" ပြည်သူသာ အမိ၊ ပြည်သူသာ အဘ "
" ရှေးခေတ်အခါကတည်းက အစိုးရနဲ့အစိုးရ၀န်ထမ်းများကို
ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့အစေခံ (Public Servant ) လို့ခေါ်ခဲ့ကြတယ်။
ပြည်သူကပေးတဲ့ လစာရိက္ခာကို စားနေကြသူများဖြစ်လို့ ဒီလိုခေါ်တာဟာ
လျော်ကန်သင့်မြတ်ပါတယ်။
" ပြည်သူဟာ အရှင်သခင်" ၊
" ပြည်သူဟာအာဏာပိုင် " ၊
" ပြည်သူဟာ အဓိက " ဆိုတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရနဲ့လည်း
ကိုက်ညီတဲ့အသုံးအနှုန်းဖြစ်တယ်။
ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများကို အာဏာပိုင်အဖွဲ့အစည်းများလို့
သုံးစွဲနေတာလည်း မသင့်တော်ဘူး။ ပြုပြင်ဖို့ကောင်းတာ ကြာပြီ။
ပညတ်သွားရာ ဓာတ်သက်ပါဆိုတဲ့ စကားအတိုင်း အသုံးအနှုန်းဝေါဟာရ
ကြောင့် လူတွေရဲ့စိတ်ဓာတ်တွေပါ ပြောင်းသွားတတ်တယ်။
ဒီမိုကရေစီခေတ်မှာ အာဏာပိုင်တွေက ပြည်သူတွေဖြစ်တယ်။
ဝန်ထမ်းတွေ မဟုတ်ဘူး။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့
သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းကိုလည်း
ပျောက်အောင် လုပ်ရပါမယ်။
" အစိုးရက မိဘမဟုတ်ဘူး။ "
" ပြည်သူကသာ မိဘဖြစ်တယ် " ဆိုတဲ့ စကားကို
နားထဲစွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။
- ဆရာကြီးလူထုစိန်ဝင်း
(" အစိုးရက မိဘလား၊ ပြည်သူက မိဘလား" မှ )
http://www.facebook.com/notes/min-myat/
http://www.facebook.com/notes/min-myat/
No comments:
Post a Comment