Sunday, November 20, 2011

မြဘုရားဘေး စိမ်းစိမ်းဝေးသွားသည့်တိုင် စိန်ခေါ်ပျက်ရယ် မပြုကြသင့်ပါ .... (အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာသော ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ)

 
နိုဝင်ဘာလ ၂၀ ရက်နေ့ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကို နိုင်ငံရေးအကျဥ်းသားဟောင်းများ စုပေါင်းပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ် နတ်စင်လမ်းထောင့် က ရွှေည၀ါ စာသင်တိုက်မှာ ပြုလုပ်နေကြတာပါ။ပွဲမတိုင်ခင် နိုဝင်ဘာ ၁၉ရက်နေ့ ပြင်ဆင်မှုတွေလုပ်နေကတည်းက နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ထိုးတောင်းဆိုပွဲကို လဲ ပြုလုပ်ခဲ့ပါတယ်။တက်ရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းများက ၀ိုင်းဝန်းစုပေါင်းလက်မှတ်ထိုးကြသလို ရွှေည၀ါ စာသင်တိုက်မှ သံဃာတော်များကလည်း ၀င်ရောက် လက်မှတ်တွေ ထိုးကြတာကို တွေ့ ရပါတယ်။ ဒီနေ့ ပွဲမှာလည်း လက်မှတ်တွေ ၀ိုင်းထိုးကြပြီး နိုင်ငံတော် သမ္မတဆီ ကိုလက်မှတ်တွေ တင်ပြပေးပို.မှာဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ နဲ့  နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊လက်မှတ်ထိုးတောင်းဆိုပွဲကို ၀မ်းတွင်းမြို. မြဘုန်းရှင်ဘုရား၊ မလိုင်မြို. ရတနာဦးစေတီတော်၊မြင်းခြံမြို့  ဆုတောင်းပြည့်ဘုရား၊ လယ်ဝေးမြို့ သမိုင်းဝင်ဆုတောင်းပြည့်ချက်မဘုရားဝန်း။ စစ်ကိုင်းတိုင်းကလေးမြို. ရွှေဘုံသာဘုရားကြီး၊ ဇီးကုန်းမြို. မြသိန်းတန်ဘုရား၊ကချင်ပြည်နယ် မီုးကောင်းမြို. ရွှေသာလျှောင်းဘုရား၊ ညောင်ဦးမြို. ဇေယျာဝတီဘုန်းတော်ကြီးကျောင်းစာသင်တိုက်၊မတွေးမြို.မကွေးမြသလွန်ဘုရားဝန်း၊မိတ္ထီလာမြို့ ၊ ကျောက်ပန်းတောင်းမြို.၊သာစည်မြို. ၊ပျော်ဘွယ်မြို့ ဘုရားငါးဆူဘုရား စတဲ့ မြန်မာနိုင်ငံအရပ်ရပ် ဒေသအသီးသီးတို့ မှာလည်း ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပွဲများ ပြုလုပ်ကြမှာဖြစ်ပါတယ်။

No comments:

Post a Comment