Sunday, November 27, 2011

ဖဲကြိုးဖြူနေ့(သို့)ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့


ယနေ့(၂၅.၁၁.၂၀၁၁) နေ့လည်၁နာရီမှစတင်၍ မြောက်ဥက္ကလာ၊ဗဟန်း၊တာမွေနဲ့၊ရွှေဂုံတိုင်ရုံးချုပ်သွားရာ လမ်းတစ်လျှောက် ဗမာ့ကျောင်းသားလူငယ်များမှဒီမိုကရေစီအင်းအားစုများနှင့် ပူးပေါင်းကာ ယနေ့ ၂၅.၁၁.၂၀၁၁ ရက်နေ့ကျရောက်သော ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ ၍ စတေကာများ  ဘက်စ်ကားများပေါ်နှင့် လမ်းတစ်လျှောက် ဓာတ်တိုင်များ လူမြင်ကွင်းများတွင်လိုက်လံ ဖြော်ပခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။
        .............................................................................................................
ပြီး ခဲ့တဲ့နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဘာလီမှာရောက်နေတဲ့သမ္မတ ဦးသိန်းစိန်မှ မြန်မာသတင်းထောက်တွေကို သီးသန့်သတင်းစာရှင်းပွဲတခုလုပ်ပေးခဲးပါတယ်။
ယုံကြည်ချက် ကြောင့်အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးမလားလို့မေးတာကို ဖြေပုံက ရှင်းပါတယ်။ သူ့စကားလုံးအတိအကျဆိုရင် ယုံကြည်ချက်ကြောင့်ဆိုတဲ့ဟာကတော့ပြောရမှာခက်တယ်။ ကျနော်တို့က ယုံကြည်ချက် ဆိုတာကတော့လက်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က ဒါ အရေးယူထားတာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှု ကျူးလွန်ထားတဲ့သူတွေလည်း အကျဉ်းထောင်ထဲမှာ အများကြီးရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျားတို့ပြောမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာနာရာ ကျမယ် ဆိုပြီးဖြေသွားပါတယ်။
ဟုတ်ကဲ့...သမ္မတကြီးအဖြေကို ဖြည့်စွတ်မေးခွင့်ရချင်ပါတယ်။ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား....၂၆.၁၀.၂၀၁၁ရက်နေ့မှစတင်ပြီး သာမာန်အကျဉ်းသားတွေသာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး အော်...သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲဟု သာမာန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေးလိုက်လျောရမည့်အစား....မည်သည့်အကြောင်းကြောင့်ရေဖြတ်ခဲ့ပါသနည်း....မည်သည့်အတွက်ကြောင့်တိုက်ပိတ်ခဲ့ပါသနည်း...မည်သည့်အရေးကြောင့်ထောင်ဝင်စာပိတ်ခဲ့ပါသနည်း...ယနေ့ ကျရောက်သော ကမ္ဘာအမျိုးသမီးများအကြမ်းဖတ်မှု ပပျောက်ရေးနေ့ တွင် သမ္မတကြီးအား သိစေလိုသည်မှာ...မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့် တစ်ကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏အကြမ်းဖတ်ခံ နေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှပီပီပြင်ပြင် လက်ခံပြောကြားပေးစေလိုပါသည်။
ဝလုံး -ကျောင်းသားလူငယ်

No comments:

Post a Comment