Saturday, November 26, 2011

နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...


25-11-2011 လှိုင်သာယာ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 

အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ လည်၍ပင် ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

တရားနာသွားရောက်သူ တဦး..
ပြည်တွင်းက တို့သံဃာတော်တွေကတော့ ဤသို့...
ပြည်တွင်းမှ အမျိုးဘာသာ သာသနာတော်အတွက် ကြိုးပမ်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များအား နှိပ်စက် အနိုင်ကျင့်၊ ပိတ်ပင်မှုများ ပြုလုပ်နေပေမယ့် တရုတ် မဟာဟာန ရဟန်းတော်များအား ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်နေခြင်းဟာ တရားပါသလား..
မနှစ်က တရုတ်ပြည် ခရီးစဉ်မှာ ဦးရွှေမန်းတို့ သီဟ၊သူရ တင်အောင်မြင့်ဦးတို့က ကြုံကြုံလေး အနောက်မှာ ဗိုလ်သန်းရွှေရဲ့ သမီးတော်တွေ၊ မြေးတော်တွေက ရှေ့မှာ...
မဟာယန ဘုန်းတော်ကြီးတွေ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေကို လမ်းညွှန်ပေးနိုင်ပါသလား၊ ဗိုလ်သန်းရွှေတို့ အုပ်စုရည်ညွှန်းတဲ့ ကြည်ညိုထိုက်သော ရဟန်းတော်များဆိုတာ အနှီမဟာယာန ဘုန်းတော်ကြီးတွေကို ရည်ညွှန်းလေသလား...

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ NGO အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအတွက် ဆရာတော်ဥူးသုမင်္ဂလအား အာဏာပိုင်များမှ အလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်..။ အမျိုး၊ ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဟာ မြစ်ဆုံဆည်မံကိန်း အကြောင်းလေ့လာဘို့ အတွက်.. လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်ကတည်းက ဧရာဝတီမြစ်ဆုံမှ မချမ်းဘောမြို့ထိ တိုင်အောင် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများအား ဖြတ်ကျော်ကာ သွားရောက်လေ့လာခဲ့ပြီး အများပြည်သူ သိရှိနိုင်ဖို့ တရားပွဲများမှာ ဟောကြားခဲ့ပါတယ်..။ သတင်း အစ်ကိုဒီမိုဝေယံ

No comments:

Post a Comment