Wednesday, December 28, 2011

နံနက် ၃ နာရီ ၄၀ မိနစ် စက်ဆန်း မီးလောင် ပေါက်ကွဲမှု သတင်း ပေါက်ကွဲမှုနှင့် မီးလောင်မှုကြောင့် ဒဏ်ရာရသူများ ဆေးရုံကြီးသို့ လူနာ ၅၀ ၊ ၆၀ ၀န်းကျင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ထပ်မံလည်းရောက်ရှိ

နံနက် ၃ နာရီ ၄၀ မိနစ် စက်ဆန်း မီးလောင် ပေါက်ကွဲမှု သတင်း ပေါက်ကွဲမှုနှင့် မီးလောင်မှုကြောင့် ဒဏ်ရာရသူများ ဆေးရုံကြီးသို့ လူနာ ၅၀ ၊ ၆၀ ၀န်းကျင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ထပ်မံလည်းရောက်ရှိနိုင်သေးသည်ဟု
ဆေးရုံကြီးရှေ့ရောက်ရှိနေသူ သတင်းထောက်က ပြောသည်။ မီးလောင်တဲ့နေရာမှာ ၁၀ ဦးခန့်ကျန်ရှိသေးသည်ဟု ကိုယ်တိုင်ဒဏ်ရာရသူတဦးကိုသယ်ယူ ပို့ဆောင်ပေးသူက YPI သို့ပြောသည်။ ဒဏ်ရာရသူများမှာ ပေါက်ကွဲမှုဖြင့် ကျောက်၊ အုတ်တို့ဖြင့် ထိခိုက်ဒဏ်ရာရသူများ ပါဝင်သည်ဟု သိရသည်။ မီးလောင်မှုနှင့် ပေါက်ကွဲမှုကြောင့် ကြောက်လန့်ပြီး သွေးရူးသွေးတန်း ဖြစ်သွားသူအများအပြား တွေ့မြင်ရသည်ဟု နောက်ဆုံးသိရှိရသမျှ ဒဏ်ရာရသူ ၅၇ ဦး၊ သေဆုံးသူ အနည်းဆုံး ၈ ဦး ဟု ရန်ကုန် ဆေးရုံကြီးရှေ့မှ YPI သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူယခုထက် ထပ်မံများပြားလာနိုင်သေးသည်ဟုလည်း သိရသည်။ ပေါက်ကွဲ အိမ်ပြိုမှုကြောင့် ပိနေသူများ ရှိနိုင်သေးသည်ဟုလည်း သိရှိရသည်။ ဒဏ်ရာရသူ မိသားစုတစုမှ YPI သို့ပြောကြားရာတွင် အိပ်နေစဉ် အစအနများဝင်လာပြီး ၁နှစ်ကျော် ကလေးက နံရံများကိုကျော်ပြီး ပွင့်ထွက်သွားကြောင်း၊ ယခုလောလောဆယ် နားတွေအူနေကြောင်း ပြောဆိုသည်။ ၎င်းအား မေးခွန်းမေးမြန်းသည်ကို မကြားရသဖြင့် အသံကျယ်စွာအော်ပြီး မေးရသည်ဟု သတင်းထောက်က ပြောသည်။ ဖြစ်ပွားရာနေရာ ပုသိမ်ညွန့် ၆ လမ်းမှတ်တိုင်အနီးတွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသမီးတဦး အပါအ၀င် ၂ ဦးကို မကြာမီ မိနစ်ပိုင်းက သယ်ဆောင်သွားသည်ကိုတွေ့ရသည်။ မီးဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်သည်။ ကူးတို့ဆိပ်ရပ်ကွက် အနီးရှိ ဂိုဒေါင်များထဲမှ ဆောင်းဘောက်စ် ထားသည့် ဂိုဒေါင်မှ ၁ နာရီ ၅၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းပြီးနောက် ၁၀ မိနစ်ခန့်အကြာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စတင်ငြိမ်းသတ်သည့် မီးသတ်ကား ၂ စီးပိတ်မိနေပြီး မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာသည့် အထဲပါဝင်ကြောင်း မီးသတ်တာဝန်ရှိသူတဦးက ပြောကြားသည်။ ဓါတုပစ္စည်းများ အက်စီလင်း ၊ ကာဗိုက်အစရှိသည့် ဂိုဒေါင်များ မပေါက်ကွဲအောင် ယခုလောလောဆယ် ထိန်းသိမ်းနေရသည်ဟု တာဝန်ရှိသူတဦးကပြောသည်။ လုံထိန်းကား ၂ စီး ၃ နာရီခွဲကျော်တွင် ရောက်ရှိလာပြီဟု သိရသည်။ အီလက်ထရွန်းနစ် ဆောင်းဘောက်စ် များ ထားရှိသည့် ဂိုဒေါင်မှ လောင်ကျွမ်းခြင်းဖြစ်သည်ဟု လည်းသိရသည်။ အနီးတ၀ိုက်တွင် အုတ်ခဲကျိုးများ ပြန့်ကျဲနေသည်ဟု သိရသည်။ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက ဖြစ်ပွားရာနေရာတွင်ပြောကြားချက်အရ ဖြစ်ပွားရာနေရာတွင် ဂိုဒေါင် ၃၂ လုံး ရှိသည်ဟုပြောကြားသည်။့ 

No comments:

Post a Comment