Friday, December 23, 2011

ယနေ့ မနက်ပိုင်းက နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သတင်း၊ ဓာတ်ပုံ)

Royal Nay Pyi Taw Hotel သို့ရောက်ရှိစဉ် ဓာတ်ပုံ(AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ အဖွဲ့ဝင် ၇ဦးပါအဖွဲ့ဟာ ယနေ့မနက်ပိုင်းက နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် အစိုးရရုံးဆိုက်ရာ နေပြည်တော်သို့ ရောက်ရှိလာပါတယ်...။ မနက်(၁၀)နာရီမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့ညနေ(၆)နာရီမှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်..။
ဟိုတယ် ဝန်ထမ်းများ ကြိုဆိုနေစဉ်
နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာစဉ်.. (AP)
အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘဘဦးတင်ဦး၊ အမေစု၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း.. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့စုံစဉ်။ (ဓာတ်ပုံ Messenger News Journal)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ဆုံစဉ်။ Messenger News Journal (Facebookမှ)

No comments:

Post a Comment