Friday, December 23, 2011

ရက် ၆၀ တိတိ မပျက်ကွက်သော တောင်းဆိုမှုများ

(23th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ
တောင်းဆိုသူများ၏ အမည်များနှင့် ဓါတ်ပုံအချို့ကို ဖေါ်ပြလိုက်ပါသည်။
D Nyein Lin
ကဲ့ပြောပြန်ပြီနောက်တစ်ယောက်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တဲ့။ပြောနေမယ့်အစား အလုပ်ကသက်သေပြလိုက်ပါတော့။ ယုံကြည့်ချက်ကြောင့်အကျဉ်းကျနေတဲ့ တို့တွေရဲ့နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးပါတော့။

မင်းကိုနိုင်.. ဆိုတာ.. ဘယ်သူလဲ..
(၈.၈.၈၈) မှာဒီမိုကရေစီလုထုအရေးတော်ပုံကြီးမြန်မာပြည်မှာဖြစ်ခဲ့တယ်။
(၈၈၈၈)ကို ရာဇ၀င်ပြောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက စခဲ့တယ်။
(၈၈၈၈)ကြောင့် ဦးနေ၀င်း မဆလ အာဏာရှင်ပြုတ်ကျသွားတယ်။
မင်းကိုနိုင်..ကျောင်းသားခေါင်းဆောင်.. မင်းကိုနိုင်..သူဟာ........
(၈၈၈၈)လုံးတိုက်ပွဲကြီးရဲ့ အလံကိုင်တပ်မှူး၊ သူဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖေါင်ဒါ။
... သူဟာ နံပါတ်(၁) ကျောင်းသားသူရဲကောင်း..တကယ့်ခွပ်ဒေါင်းစစ်စစ်။
(ကျောင်းနံရံတစ်ဝိုက် မှာဒေါင်းအလံပြန်စိုက်မယ် ဟေ့) လို့ စစ်အာဏာရှင်တွေကို ရာဇသံပေး ကြုံးဝါးခဲ့တာ သူပေါ့။ သူဟာမြန်မာ့ဒီမိုကရေစီကို အုတ်မြစ်ချခဲ့သူ၊ မြန်မာ့ဒီမိုကရေစီရဲ့ဖေါင်ဒါ။
ဘယ်သူပဲ ပြောင်းပြောင်း၊ ဘယ်သူပဲ ဘာလုပ်လုပ်၊ ဒီမိုကရေစီကိုပြောင်းမယ်ဆိုရင်၊ မင်းကိုနိုင်ပါကိုပါရမယ်။ မင်းကိုနိုင်မပါ တဲ့ ဒီမိုကရေစီဟာ ဆားမပါတဲ့ဟင်းပဲဟေ့။ ဘယ်တော့မှစားလို့ကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့်....မင်းကိုနိုင်ကို အခုချက်ချင်း လွှတ်ပေးပါ... လူချီးမင်းတို့....မင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ ကိုလွှတ်ပေးရင်ပေး၊ လွှတ်မပေးရင်တော့...( ကျောင်းနံရံတ၀ိုက် ကို ဗြောင်းဆန်အောင် ပြန်လုပ်ကြရအောင်) ညီနောင်ကျောင်းသား အပေါင်းတို့…
(ဒေါက်တာ ခင်စိန်-ဧရာဝတီ
မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် သို့မဟုတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ် ဆောင်ရွက်မည်ဆိုလျှင် ...

• ပထမအဆင့်နေဖြင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံးကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် လက်ခံအသိအမှတ်ပြုပေးရမည်။
• ဒုတိယအဆင့်အနေဖြင့် မည်သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်ဆိုသည်ကို ရှင်း လင်းစွာထုတ်ပြန်ပေးရမည်။
တတိယအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်းအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးရ မည်။
• စတုတ္ထအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး ပြန် လည်လွတ်မြောက်လာသူ အားလုံးကိုလည်း ၎င်းတို့၏ ယုံကြည်မှုများအရ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်လှုပ်ရှားခွင့်ပြုရမည် ဖြစ်သည်။ AAPP
ပျော်ရွှင်စရာ X'mas နဲ့ Happy New Year ဖြစ်အောင် ဖန်တီးပေးပါလား သမ္မတကြီး။ လွတ်လပ်မှုတွေကို ပေးပြီး သမ္မတကြီးလည်း လွတ်လပ်စွာ ပျော်ရွှင်သွားမှာပါ။ ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်လပ်စွာပျော်ရွှင်ခွင့်ရကြပါစေ။
ချက်ချင်းလွတ်ပါ။ မင်းကိုနိုင်ဟာခင်ဗျားတို့အိမ်ကိုမီးရှို့မဲ့သူမှမဟုတ်တာ။ ဘာကိုကြောက်နေတာလဲ။ အပြစ်မဲ့ပြည်သူကိုသတ်တုန်းကမကြောက်ဘဲ၊ အပြစ်မဲ့လူတစ်ယောက်ကိုလွတ်ဖို့ဘာလို့ကြောက်နေရတာလဲ ငတိတွေရဲ့။
ကိုမင်းကိုနိုင် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံးအမြန်ဆုံ လွတ်မြောက်ပါစေ။
၈၈မျိုးဆက်ကျောင်းသားများအားလုံး ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် နှင့်တသားတည်း
နိုင်ငံအရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။

မေမျိုးသွင်။ ။
Imyour Friend
ကိုမင်းကိုနိုင်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုပါတယ်
မင်းကိုနိုင်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်လွှတ်ပေးပါ~~~~
http://www.youtube.com/watch?v=HMB83fOZXOU
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ

တောင်းဆုချွေ.....တောင်းဆုဝေ
ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ..။
(22.12.2011)
 Aye Aye Soe Win
Free the innocent,
Free the brave,
Free the selfless,
Free the stars,
Free the best and the brightest,
Free them all!
Free them all for a better future,
Free them all for the sake of freedom,
Free them all for a better Burma!
Free Ko Min Ko Naing, U Ko Ko Gyi, Ko Min Zay Yar and all, each and every single one who sacrificed so much for all! Free them now. Free them now. Free them now.


အစ္စရေးအစိုးရက-ပလက်စတိုင်းနိုင်ငံရေးအကျဉ်းသား-၅၅၀ကိုအကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှာလွှတ်ပေးလိုက်တယ်။မြန်မာပြည်မှာ-NLDကကောက်ခံထားတဲ့နိုင်ငံရေးအကျဉ်းသား၅၀၀ကျော်၇ှိတယ်။ဆန်၇ှင်နဲ့လဲလှယ်ရေး
အစီအစဉ်များဖြစ်နေမလား။
 Darli Pug
Free the leaders of Burma
Free the children of Burma
Free Ko Min Ko Naing and everyone!
Burma needs them now and we all needs them now!
Free all political prisoners now!

 
ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး
လွတ်မြောက်ပါစေလို့ ဆုတောင်းလျှက် ....


တိုင်းတပါပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။
< မင်းကိုနိုင် >

23,Dec,2011 ( 03:38 am ) Thailand
Kyaw Swar
သမ္မကြီးဦးသိန်းစိန်က ယုံကြည်ချက်အကျဉ်းကျခံနေသူများ မရှိဘူးလို့ ငြင်းထားပါတယ် ။ ဒီနေရာမှာ ယုံကြည်ချက်ကြောင့် ဆိုတာကို သမ္မတကြီး အနေနဲ့ ဘယ်လိုယူဆသလဲတော့ မသိပါဘူး ။ ကျနော်တို့ ပြည်သူတွေအားလုံး အနေနဲ့ကတော့ လက်ရှိနိုင်ငံရေး အကျဉ်းသားဆိုတာ ဒီမိုကရေစီ ယုံကြည်ချက်ကြောင့် စစ်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ရ်ျ စစ်အုပ်ချုပ်ရေး အသားပေးသည်ဟု ယူဆသော ဖွဲစည်းပုံအေ...ခြခံဥပဒေကို လက်မခံ မကြိုက် မနှစ်သက်လို့ မိမိယုံကြည်ချက်ကို လွပ်လပ်စွာထုတ်ဖော်ပြောဆိုနေရင်း နည်းအမျိုးမျိုးဖြင့် အကြောင်းပြကာ ဖမ်းဆီးအကျဉ်းကျခံနေရသူများ အားလုံးပါဝင်ပါတယ် ခင်ဗျာ ။
 Ye Yint Tun
ကိုမင်းကိုနိုင်နှင့်တကွနိုင်ငံေ၇းအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးပါခင်ဗျား။(23.12.2011)8:10am
အိပ်တန်းပြန်ချိန် နီး နေပြီမို့
လွတ်ချိန်တန် တဲ့ ငှက်တို့
အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့.....
ဦးမင်းကိုနိုင် နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ.. ( 12/23/11- 8:03AM )
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ချွင်းချက်မရှိ လွတ်မြောက်ကြပါစေ။ ပြည်သူတွေရဲ့ ရင်တွင်း ဆန္ဒအစစ်အမှန်ကို ဒီနေရာက အသိပေး ဖေါ်ထုတ်လိုက်ပါတယ်။
(23.12.2011)
မင်ကိုနိုင်လွတ်မြောက်ေ၇းသည်ပြည်တ၇ပ်လုံး၏ဆန္ဒအမှန်ပါ.......၈၈

‎"Free Min Ko Naing and all political prisoners now" 10am BKK 23.12.2011
‎"ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံေ၇းအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်ပေးပါ"
thailand 10:50 23 december 2011
 Min Naing
ဖန္န၀ါရီလ(၄)ရက်....ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ....နိုင်ငရေးအကျဉ်းသားတွေလွှတ်ပေးမယ်လို့
ရထားဝန်ကြီး....အောင်မင်းကပြောပြန်ပြီ....ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားဆိုတာမရှိပါဘူးနိုင်ငံကိုဆူပူအောင်လုပ်တဲ့သူတွေဘဲရှိတာပါတဲ့ခင်ဗျာ.....ဘာဘဲဖြစ်ဖြစ်ပေါ့...ကိုမင်းကိုနိုင်..ကိုဌေးကြွယ်နဲ့....၈၈....ကျောင်းသားတွေလွပ်မြောက်ဖို့အရေးကြီးပါတယ်...သမတကြီးသိန်းစိန်ရေ...မင်းမှာသစ္စာလူမှာဂတ္တိ...ဆိုတာအသိရှိဖို့လိုတယ်နော်.......စောင်းကြည့်ကြသေးတာပေါ့နော်....

မင်းနိုင်(ခေတ္တရာ)
၁။ ချုပ်ချယ်တဲ့ဥပဒေတွေပယ်ဖျက်
၂။ ချုပ်ချယ်တဲ့အမိန့်တွေပယ်ဖျက်
၃။ သတင်းစာတွေမချုပ်ချယ်နဲ့
၎။ဖမ်းထားတဲ့နိုင်ငံေ၇းသမားများအားလုံးလွှတ်ပေး...
ဗိုလ်ချုပ်အောင်ဆန်း၇ဲ့.....လက်ေ၇းမူထဲမျကောက်နှုတ်ချက်လေးပါ
ဗိုလ်ချုပ်၇ဲ့အဲ့ကတည်းကသဘောထားက...........နံပါတ်လေးအချက်ကလေးကိုခုချိန်....ဗိုလ်ချုပ်၇ှိခဲ့၇ငိ.....ကျမတို့ချစ်ခင်လေးစား၇သော...နိုင်ငံေ၇းသမားများ.......လွတ်မြောက်နိုင်မှာပေါ့နော်
လွှတ်တော်တွင်းနိုင်ငံရေးဟာအရေးပါသလိုလွှတ်တော်ပြင်ပနိုင်ငံရေးကလည်းအားကောင်း ပါမှတိုင်းပြည်ရဲ.လိုအပ်ချက်တွေကိုဝေဖန်ထောက်ပြနိုင်မှာပါ။ဒီမိုကရေစီနိုင်ငံရေးအားကောင်း စေရန်ကိုမင်းကိုနိုင်နှင်.နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိလွှတ်ပေးပါ။
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ။
ဇန်န၀ါရီ ၄ရက်နေ့ မြန်မာပြည်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိလွှတ်ပေးပါ ...
Free"All"Now
“သမိုင်းကို ဘယ်လိုလူတွေလိမ်သလဲ လို့မေးရင် သူရဲဘောကြောင်တဲ့သူတွေက လိမ်ပါတယ်။ ”.... သိပ် မှန် တာ ပဲ....
ခွပ်ဒေါင်း..အလံနီ..အောင်ရမည်..အောင်ရမည်
အမှန်တရားရဲ့..ခေါင်းဆောင်တွေ..ချက်ချင်းလွှတ်..ချက်ချင်းလွှတ်
ဒေါင်းသခင်ကြီးရယ်လို ကျွန်တော်တင်စား ။

သက်ပြင်းတွေ အကြိမ်ကြိမ်ချ
လောကရဲ့အထောင်းအထုကို
အကြောင်းပြုရှာပြီး
ကဗျာတွေရေး တေးသီချင်းတွေစပ်
ပစ်မှတ်ထိတဲ့ အစ်ကို့သီချင်းကို
ဆိုရင်းစိတ်ဓါတ်တွေတက်
အလင်းအတွက် လွတ်ကြောင်းကြံ
ခွပ်ဒေါင်းအလံ ခိုင်ခိုင်မြဲ
အပိုင်ဆွဲပြီ ရဲရဲတက်
ရင့်ကျက်ပြတ်သား ယုံကြည်ချက်များနဲ့
လူသားအကျိုး တကယ်သယ်ပိုးမယ့်
ခွပ်ဒေါင်းမျိုးခိုင် မင်းကိုနိုင်။

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ
ကိုမင်းကိုနိုင် လွတ်မြောက်ရေး ..... ဒို့ အရေး ဒို့ အရေး
၈၈ကျောင်းသားခေါင်းဆောင်များ ...အမြန်လွှတ်ပေး အမြန်လွှတ်ပေး
နိုင်ငံရေး အကျဉ်းသားအားလုံး ........ ချက်ချင်းလွှတ် ချက်ချင်းလွှတ်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ ထားရတဲံ အကိုမင်းကိုနိုင် နှင့် နိုင်ငံရေး အကျဉ်းသားများ အား လူလူချင်း စာနာသော အားဖြင့် အမြန်ဆုံးလွှတ်ပေး စေချင်ပါတယ်ရှင့်....အနူးအညွှတ်တောင်း ဆိုပါတယ်ရှင့်......
ကျွန်တော်တို့ ကျောင်းသာခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် အားလုံသော နိုင်ငံရေးအကျဉ်းသား များကို အမြန်ဆုံးလွှတ်ပေးပါ ဇန်န၀ါရီလ ( ၄ ) ရက်နေ့ လွှတ်မယ်လို့ ပြောခဲ့တဲ့စကားတွေကိုလဲ တည်ပါစေ

http://www.facebook.com/groups/308385639189876/

Jimmy Lashio
ကျတော်တို့အားလုံးရဲ့ညီအကိုမောင်နမတွေကိုလွှတ်ပေးပါတော့ ၊ နောက်နှစ်ထဲမဆွဲထားခြင်ပါနဲ့တော့ ။
Please release all our political families do not drag them into the year 2012 .
တိုက်ရဲ သူအမှန်တရားသည် ငါတို့ဧ။်တိုက်ပွဲဖြစ်ဧ၊် ငါတို့ဧ၊် အမှန်တရားအတွက်...အမှန်တရားကိုဖော်ဆောင်ခဲ့သော ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်
Zaw Aungကိုမင်းကိုနိုင်နှင့်အတူ ယုံကြည်ချက်အတွက် မတ၇ားဖမ်းဆီးခံနေသော အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေသား။

၂၀၀၈ ဘောင်ထဲကနေဘယ်လို့ချဲ့ယူမလဲဆိုပြီး သွားမလား။ ဒါမှမဟုတ် ၂၀၀၈ ကို ပြောင်းလဲစေနီုင်၊ ပျက်စေနိင်တဲ့ နည်းလမ်းတွေရှိတယ်ဆိုရင် အဲ့ဒီအတိုင်းသွားလို့ရမလား ကိုမင်းကိုနိုင်တို့လွတ်ဖို့ဆိုတာကတော့ လောလောဆယ်မှာ မမြင်သေးပါ။
Khin Myanmar Chit Thu      Free Min Ko Naing & all other political prisoners now !!!
ကိုယ်ချင်းစာတရားမရှိသော..လူယဉ်ကျေးလေး ဦးသိန်းစိန်..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ...ဦးသိန်းစိန်ခင်ဗျားအနေနဲ.ဗျာ..ထောင်ထမင်း၊ ထောင်ဟင်းကိုတစ်နေ.လောက်စားကြည်.ပါလား..ခင်ဗျားဘယ်လိုနေမလဲ..ခင်ဗျားမိသားစုထဲက ဆွေးမျိုးအသိုင်းအ၀ိုင်းထဲက လူတစ်ယောက် ၊ခင်ဗျားရဲ.သမီး နေထိုင်မကောင်းဖြစ်မယ် .လူတစ်ယောက်က အတင်းအဓမ္မခင်ဗျားရဲ.သမီးကိုမရိမ်းကျင်.သွားမယ်ဆိုရင်.စိတ်ဆင်းရဲအောင်လုပ်သွားမယ်ဆိုရင်.ဆိုရင် ခင်ဗျားအနေနဲ. ၀မ်းနဲလိမ်.မလား..၀မ်းသာမလား..၀မ်းနဲမယ်ဆိုတာသေချာပါတယ်...ဘာလို.လဲဆိုတော..ခင်ဗျားရဲ.သမီးဖြစ်နေသလို..ကိုယ်.ရဲ.မိသားစုလဲဖြစ်နေတယ်လေ...ဒီတော.၀မ်းနဲမှာပေါ...စိတ်ဆင်းရဲမယ်ဆိုတာသေချာနေပါတယ်...ဒီတော. ကိုမင်းကိုနိုင်နှင်.အကျဉ်းသားအားလုံးကိုခင်ဗျားအတင်းမတရားထောင်ထဲ.ထည်.ထားတယ်..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားအားလုံးရဲ.မိသားစုတွေလဲ အရမ်းစိတ်ဆင်းရဲရသလို..ပူပင်သောကတွေရောက်ပါတယ်..ဒီတော..ခင်ဗျားအနေနဲ.ဗျာ..ကိုယ်ချင်းစာတရားရှိသင်.တယ်...ဒီတော..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ....လွှတ်လပ်ရေးနေ.ဆိုတာကိုမလိုချင်ဘူး..လွှတ်လပ်ရေးနေ.ထက် စောပြီးလွှတ်ပေးတာကို လိုချင်တယ် မြင်ချင်တယ်....
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို
ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ။
အကို ကိုမင်းကိုနိုင်နဲ့ တကွ နိုင်ငံရေးအကျသ်းသားအားလုံး လွတ်မြောက်စေချင်တယ် ခင်ဗျာ
 Nay Myo Linn
မတရားမှုတွေပြည့်နှက်နေတဲ့ အာဏာရှင်အစိုးရကို ပုံစံမျိုးစုံနဲ့တော်လှန်ခဲ့လို့ ထောင်ချခံရသူအားလုံးကို နှစ်မကူးခင်လွှတ်ပါ။ ဒင်းတို့လိုချင်တဲ့ အန်အယ်လ်ဒီလည်း မှတ်ပုံတင်ပြီးပါပြီ
ဒီနေ့ဆို ကျွန်ုပ်တို့ ဒီgruop ကနေ (တနည်းပြောရရင်) ကိုယ် တောင်းဆိုလို့ ရတဲ့နေရာကနေ တောင်းဆိုတာ ရက် ၆၀ တိတိရှိသွားပြီ။ တရက်မှ မပြတ်ဘဲ တောင်းဆိုလာခဲ့တဲ့ အတွက် ကိုယ့်ကိုကိုယ် ကျေနပ်လို့ရပါတယ်။ ကျွန်ုပ်တို့ တွန်း၍ ကျောက်တုံးမရွေ့သော်လည်း ကျွန်ုပ်တို့ အင်အားရှိသရွေ့ အားကုန်တွန်းခဲ့တယ်ဆိုတာကိုတော့ ဘယ်သူ့မှ ငြင်းလို့မရဘူး။....ရွေ့တာ မရွေ့တာ ကျောက်တုံးအလုပ်၊ တွန်းရမှာ ငါတို့ အလုပ်.......
ဆက်တွန်းမယ်....ကိုမင်းကိုနိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ (2011.DEC.23) 11:15pm Japan Standard Time.

No comments:

Post a Comment