Monday, January 2, 2012

ယခုအချိန်ထိ သိရှိရသမျှ သတင်းအချက်အလက်များအရ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရထပ်မံဖေါ်ပြပေးပါမည်။

ယခုအချိန်ထိ သိရှိရသမျှ သတင်းအချက်အလက်များအရ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရသည်။ ကိုနေဖုန်းလတ်မိခင်က ၎င်း၏ သားဖြစ်သူမှာ နှစ် ၂၀ ချမှတ်ခံထားရသဖြင့် လွတ်မြောက်နိုင်ကြောင်း ပြောသည်။
မသက်သက်အောင် ၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ၆၅ နှစ်ချမှတ်ခံထားရသည့် သမီးဖြစ်သူမှာ နှစ် ၃၀ သို့လျှော့ပေါ့မည့် အထဲပါဝင်မည်ဟု ယခုလက်ရှိ အချိန်ထိကြားသိရသည့် အချက်အလက်ပေါ် မူတည်ပြောဆိုသည်
“မျှော်လင့်လို့ပေါ့ဗျာ။ ၃ ရက်နေ့ ကြေညာမယ်၊ ၄ ရက်နေ့ လွှတ်မယ် လို့ ကြားနေရတာကိုး။ ကျနော် သိသလောက် အတော်များများ သွားကြ တယ်။ ဒီနေ့မနက်က ဆိုရင် ပူတာအို ဗျာ။ ကျနော် လေယာဉ်ကွင်း လိုက်ပို့လိုက်တာ။ မနက်ဖြန် ကျောက်ဖြူ သွားကြမယ့်သူတွေ ရှိတယ်”.....ကိုကိုကြီး (စမ်းချောင်း)
 

No comments:

Post a Comment