Monday, January 2, 2012

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်း.MRTV-4 ရုပ်သံ


လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားများ လွတ်ငြိမ်းချမ်း သာခွင့်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများနှ
င့် အက်ဖ်အမ် ရေဒီယိုမှ ၂၀၁၂ ဇန်န၀ါရီလ ၂ ရက်နေ့  ယနေ့ ညနေ ၄ နာရီတွင် ကြေငြာသွားပါသည်။ လွတိငြိမ်းချမ်းသာခွင့်မှာ ထောင်ကျနှစ်များကိုသာလျော့ပေးသွားခြင်းဖြစ်ကြောင်းသိရသည်။ ထာင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု နိုင်ငံပိုင် မီဒီယာများက တရားဝင် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါသည်။ အဆိုပါကြေညာချက်အရ နိုင်ငံတော်သမ္မအမိန့် နဲ့ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင် လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ >>>ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့ ၄း၂၀ နာရီခန့်က MRTV-4 မှ  ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ - သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ - နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊ - နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ - နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

No comments:

Post a Comment