Tuesday, January 3, 2012

တားမြစ်ခံရတဲ့ ဖျာပုံ NLD အရောင်းဆိုင်

http://www.irrawaddyblog.com/2012/01/nld_03.html



မနေ့က အစပြုပြီး ၄ ရက်ကြာ ပြုလုပ်တဲ့ ဖျာပုံမြို့နယ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲမှာ NLD က ဆိုင်ခန်း ဖွင့်ပါတယ်။ ပါတီက ထုတ်ဝေတဲ့ တီရှပ်၊ ဓာတ်ပုံတွေလည်း ရောင်းပါတယ်။

မနေ့က နေ့စွဲနဲ့ပဲ ဒေသခံ အာဏာပိုင်တို့က NLD ဆိုင်ခန်း ဖွင့်ခွင့် မပေးဖို့ တိုင်းဝန်ကြီးချုပ်က အမိန့်ရှိတယ်၊ တိုင်းဝန်ကြီးချုပ်ညွှန်ကြားချက်ကို လိုက်နာပါ လို့ စာပို့ပါတယ် တဲ့။

ကိုသိန်းဆွေ (ဖျာပုံ NLD) က ဒေသခံ အာဏာပိုင်တို့ဆီသွားပြီး ဆွေးနွေးခဲ့ကြောင်း ပြောဆိုထားပုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီနေ့ ၃ ရက်နေ့ နေ့ခင်းဆက်သွယ်မေးမြန်းချက်အရ ဆိုင်ခန်းကို ဒီနေ့မှာလည်း ဆက်ဖွင့်တယ်လို့ ကိုသိန်းဆွေက ဧရာဝတီကို ပြောပါတယ်။ ဖျာပုံမှာ ဖြစ်ပျက်နေတာတွေကိုလည်း ရန်ကုန်မြို့ NLD ဌာနချုပ် သိရှိစေဖို့ အကြောင်းကြားထားတယ်လို့ ကိုသိန်းဆွေက ရှင်းပြပြပါတယ်။






မြို့နယ်အုပ်ချုပ်ရေးမှူးက ဖျာပုံ NLD ကို ပေးပို့ခဲ့တဲ့စာ

No comments:

Post a Comment