Monday, January 2, 2012

ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပ ဓါတ်ပုံ

ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပ
ရန်ကုန်၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
တာရာဝေယံ
“သတင်းစာဟာ အမှန်တရားကို ရှေ့နေလိုက်ပြီး အမှားကို ရှုတ်ချလေ့ရှိတယ်” လို့ ကဗျာဆရာ ငြိမ်းသစ်ဖတ်ကြားတဲံ “ဂျာနယ်ကျော် ဦးချစ် မောင်၏ စိတ်ဓာတ်နှင့် ဘ၀ပုံရိပ်” ဆိုတဲ့ စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ဖျာပုံ လုံနီဦး
သတင်းစာဆရာ၊ စာရေးဆရာ၊ ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့ နေ့လည် (၁) နာရီတိတိမှ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။မုံရွာအောင်ရှင်
ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ စာပေအနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ကဗျာဆရာ နေထက်နိုင်
 
ကဗျာဆရာ ငြိမ်းသစ်
အခမ်းအနားမှူးအဖြစ် ဖျာပုံနီလုံဦးက ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာမောင်မိုး၊ ဆရာမုံရွာအောင်၊ ဆရာ ငြိမ်းသစ်၊ ဆရာနေထက်နိုင်၊ ဆရာ ရင်နီ စသူတို့က အမှာစကားပြောကြားခြင်း၊ စာတမ်းဖတ်ခြင်းနဲ့ ကဗျာရွတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။
အခမ်းအနားကို နေ့လည် (၃) နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

No comments:

Post a Comment