စာရေးသူ
နေထိုင်ရာ နော်ဝေနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ ၂နှစ်နည်းပါးသော အချိန်ရောက်ရှိလာခဲ့ပါတယ်။ကမ္ဘာလောကကြီးထဲတွင်
တွေကြုံမြင်တွေ့နေရသော အရာဝတ္ထုမှန်သမျှဟာ မိမိအပေါ် တရားပြနေပါတယ်။အမှတ်တမဲ့ သွားတာက
မြူမစင်ရင် ဂူတောင်မမြင်ဘူးတဲ့ ဘာပဲဖြစ်ဖြစ် မိမိသွားလားလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်ရှိ
ဖြစ်ပေါ်နေတဲ့ ဥပမာတွေကို နမှုနာပြုပြီး ကိုယ့်ဘ၀ကြီးကို တိုးတက်အောင်မြင်အောင် ကြိုးစားလျှင်
ငယ်ငယ်က ဖတ်ခဲ့သော စစ်ရှံးနေသော ဘုရမင်းကြီးဟာ ဓားကိုထောက်ပြီး ရေသောက်အမောဖြေနေချိန်မှာ
မျက်စီရှေ့တည့်တည့်တွင် ပင့်ကူကိုယ်ခန္ဓာမှ ကြိုးမျှင်ထုတ်ပြီး ကျလာချိန်ပေါ့။ဒီတော့
ဘုရင်မင်းကြီးက စိတ်ဝင်စားစွာ ကြည့်နေစဉ် သူ့အမျှင်နဲ့သူ့ခန္ဓာကိုယ်လေးကို ဆွဲတက်သွားနိုင်ပါတယ်။
ဒီဥပမာကို
နမှုနာပြုပြီး ဘုရင်းမင်းကြီးက ဒီပင့်ကူးတောင် သူ့ကြိုးမျှင်ငယ်လေးကို ဆွဲတက်နိုင်သေးတာပဲ
စသည်ဖြင့်တွေးကာ ဓားကိုဆောင့်ပြီး ပြန်တိုက်ခဲ့ရာ စစ်ပွဲနိုင်ခဲ့ပါသေးတယ်။
ဒီအတိုင်းပဲ။ပညာသင်ချိန်
ကျောင်းသူ ကျောင်းသားများလည်း ဒီဥပမာကို နှိုင်းယှဉ်ကြည့်လိုက်က အတန်းတွေ နှစ်စဉ်အောင်မှာပါ။လောကကြီးမှာ
ကြိုးစားအားမထုတ်သ၍ အောင်မြင်မှုကတော့ ဝေးနေဆဲဖြစ်မှပါပဲ။အောင်မြင်ခြင်တဲ့ စီးပွားရေး
ပညာရှင်လည်းကြိုးစားမှုမရှိဘူးဆိုရင် အောင်မြင်ဖို့ ဝေးနေဆဲ့ပါပဲ။ခေတ်လူငယ်တွေကို ပြောပြချင်တာကတော့
မိမိကိုယ့်ကို အားကိုးကြပါ။သူတစ်ပါးကို ကိုယ့်ကိုတိုက်တွန်းပေးလိုရပင်မယ်၊ကိုယ်ကကြိုးစားမှုမရှိဘူးဆိုရင်လည်
အောင်မြင်ဆိုတာ ဘယ်လိုရှိမှာလည်၊အချိန်တွေသာ ကြာလာတယ် အောင်မြင်မှုမရဘူးဆိုရင်လည် လူဟာ
နောက်ဆုပ်တက်ပြီး ဆုံးရှုံးရတက်ပါတယ်။စိတ်ဓာတ်အခြေခံကိုတည်းငြိမ်းအောင်ပြုကြပါ။လေထဲမှာ
အိမ်ဆောက်တာက လွယ်ကူးပါတယ်။စိတ်ကူးရင်တာကို လက်တွေ့မှတော့ အရာဝတ္ထုမှန်သမျှက ခက်ခဲ့ပါတယ်။
စာရေးသူတို့ လူငယ်တွေဟာ တစ်ခါတစ်လေ့
ချုန်းသာချုန်း၍ မရွာသောမိုး၊ရွသာရွာ၍ မချုန်းသောမို၊ချုန်းလည်းမချုန်း ရွာလည်းမရွာသောမိုး၊ချုန်းလည်းချုန်း
ရွာလည်းရွာသောမိုးတို့ဖြစ်ကြပါတယ်။
စာရှုများ ကိုယ်တိုင်တွေ့ဖူးတဲ့
မိုးဦးကျအခါ ပြန်လည်စဉ်းစားကြည့်လိုက်ပါ။မိုးများစွာဟာ တောင်မြောက်ဝဲယာတို့မှ အုံ့ဆိုင်းမှိုင်းပြီးတက်လာကြတယ်။လျှပ်နွယ်တွေဟာလည်းဝင်းခနဲလင်းခနဲချုန်းလိုက်ပစ်လိုက်နဲတွေ့ကြုံဖူးပါလိမ့်မယ်။ဒါပေမယ့်
ချုန်းသာချုန်းပြီး မိုးကျတော့မရွာပါဘူး။ဒီလိုပါပဲ။စာရေးသူ အပါဝင်အာလုံးသော သူငယ်ချင်းများလည်း
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကို မျက်လုံးဝင့်ပြီး လှည့်ကြည်လိုက်ပါ။ဘယ်လိုတွေ့မလဲ။
လောကမှာ လူတွေဟာ ဘယ်အရာမဆို
အကောင်းအဆိုးဒွန်းတွဲနေကြတယ်ဆိုတာကို လက်ခံကြပေးမယ့် အတ္တရှိတဲ့ သတ္တ၀ါဆိုတဲ့အတိုင်း
မိမိကိုယ်ကိုတော့ အဟုတ်ပဲမှတ်ကြတာပါပဲ။လူများတွင် သတ္တ၀ါအားလုံးတို့ ထက် သာသောအချက်မှာ
စဉ်းစားသုံးသပ် အမှားအမှန်သိတတ်သော အသိဥာဏ်ပင်ဖြစ်သည်။ သို့ သော်ထိုအသိဥာဏ်ကို ကောင်းစွာထုတ်မသုံးတတ်လျှင်ဖြင့်
ထိုအသိဥာဏ်ရှိဆုံးလူသားသည် သူ့ ထက်မိုက်သော တိရစ္ဆာန်ပင်ရှိလိမ့်မည်မထင်အောင် မိုက်မဲတတ်ပါသည်။
စင်စစ်လူများသည် ကမ္ဘာပေါ်တွင် အခြားသောသတ္တ၀ါများအား မင်းမူနေနိုင်ခြင်းမှာ ၄င်းတို့ ၏
တူမတူသော စိတ်ကူးနှင့် အတွေးအခေါ်ကြောင့်ပင်ဖြစ် သည်။ မိမိ၏အတွေးအခေါ်ကို ရင့်ကျက်ပြီးကောင်းမွန်စွာအသုံးချတတ်ရန်အတွက်
ပထမဦးစွာ သင်ယူခြင်း၊ မှတ်သား ခြင်း၊ လေ့ကျင့်ခြင်းများကို ဦးစွာလုပ်ကြရပါသည်။
ထိုသို့ သင်ယူပြီးလျှင်လည်း
ပြန်လည်အသုံးချဖို့ လိုအပ်ပါသည်။ မှတ်သားသမျှသည် အသုံးပြန်မချနိုင်လျှင်လည်း အကျိုးမရှိနိုင်ပေ။သို
့သော်လည်း ဆရာမောင်ပေါ်ထွန်းပြောသလိုပင် လူတစ်ယောက်အတွက် အကောင်းဆုံးသင်ခန်းစာများကို
ကျောင်းတွေက မသင်ပေးနိုင်ပေ။ လူတစ်ယောက်ရထားသော ဘွဲ့ ဒီဂရီများသည် ထိုသူအတွက် အရာအားလုံးတွင်
အသုံးချမရနိုင်ပါ။လက်တွေ့  ဘ၀၏ပြဿနာများကို အချက်ကျကျဖြေရှင်းနိုင်ခြင်းသည် ပညာတတ်တိုင်းဖြေရှင်းနိုင်သည်မဟုတ်ပါ။
ဥပမာ- ငွေ တစ်ထောင်ကိုင်ထားသော
အိမ်ရှင်မတစ်ယောက်၏ ဈေးဝယ်နိုင်မှုစွမ်းရည်ကို အိမ်ထောင်ရှင်အမျိုးသားများ လိုက်မမီ
တတ်ပါ။ ထိုတစ်ထောင်ဖြင့် မီးဖိုချောင်၏လိုအပ်ချက်ကို အိမ်ရှင်မကသာ လိုအပ်သလိုခွဲခြမ်းစိတ်ဖြာနိုင်မည်သာဖြစ်
သည်။ ထိုအခြေအနေကို ငွေရှာနိုင်သော အိမ်ထောင်ဦးစီးအမျိုးသားက လိုက်မီမည်မဟုတ်ပေ။ ဤသည်မှာ
မလုပ် နိုင်ဟုဆိုလိုခြင်းမဟုတ် မကျွမ်းကျင်ခြင်းသာဖြစ်သည်။လူတိုင်းသည်ကျွမ်းကျင်ရာတွင်
လိမ္မာတတ်ကြသည်သာဖြစ်၏။ ထို့ ကြောင့် ပညာမတတ် ပညာမသင်နိုင်သူများအနေနှင့်လည်း စိတ်အားမငယ်သင့်ပဲ
မိမိအတွက် အသုံးဝင် နိုင်သော အကျိုးရှိသောနေရာတိုင်းတွင် ငါနေရာယူနိုင်သေးသည်ကို သိထားသင့်ပါသည်။
ယခုအခါတွင် လူငယ်များ သည် သင်ယူရန်အခွင့်အလမ်းများစွာရှိလာနေပြီဖြစ်သည်။
ဖျာပုံ နဒီ
၀၃-၀၇-၂၀၁၃
No comments:
Post a Comment