Monday, January 11, 2010

ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမူအဖွဲ့ ။

ကြေညာချက် - ၁/၂၀၁၀။

နေ့စွဲ။ ၁၅၊ ၀၁၊ ၂၀၁၀။

ကျွန်ုပ်တို့သည် မြန်မာပြည်တွင်း၌ လူထုတစ်ရပ်လုံးအတွက် ဒီမိုကရေစီ ထွန်းကားရေးကို ရှေးရှုကာ လူမျိုး၊ ဘာသာ၊ ပုဂ္ဂိုလ် မခွဲခြားဘဲ သံဃာ၊ ကျောင်းသား၊ လူထုတစ်ရပ်လုံး မြန်မာအရေးကို လက်တွဲညီစွာ လှုပ်ရှား လုပ်ဆောင်နိုင်ရေးအတွက် (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ မျိုးဆက်များဖြစ်သော သံဃာ၊ ကျောင်းသား ၊ လူထုများကို အခြေခံ၍ မျိုးဆက်သစ် ပြည်သူများနှင့် အတူ (ရွှေဝါရောင်သံဃာ - ကျောင်းသား လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) ကို ( ၁၊၀၁၊၂၀၁၀) နေ့၌ (ရွှေဝါရောင်သောတုဇနဘိက္ခူ အဖွဲ့ကြီး) ကို အခြေခံကာ ထပ်ဆင့်ဖွဲ့စည်းလိုက်သည်။

(ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) သည် မြန်မာပြည်တွင်းရှိ ရွှေဝါရောင်မျိုးဆက်သစ်များကို အခြေခံကာ ဖွဲ့စည်းထားဖြစ်သောကြောင့် ပြည်တွင်းလှုပ်ရှားမူများကို ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်သည်။

ကျွန်ုပ်တို့သည် မြန်မာနိင်ငံပြုပြင်ပြောင်းလဲရေးကို ငြိမ်းချမ်းသောနည်းလမ်းများကိုသာ ရွှေးချယ်အသုံးပြု သွားမည်ဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ ရဲဘော်၊ စစ်သားများပါမကျန် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်နိင်ရန် နှိုးဆော်တိုက်တွန်းလိုက်သည်။

၁။ ဇန်န၀ါရီ(၁၅) ရက်နေ့မှ စတင်ကာ မနက် (၆) နာရီတိတိအချိန်၌ မိမိတို့အိပ်ယာမှထကာ ဖေဖေါ်ဝါရီလ ( ၁၂ ) နေ့ ပြည်ထောင်စုနေ့အထိ တစ်တိုင်းပြည်လုံး တစ်ပြိုင်နက် မေတ္တာပို့ ဆုတောင်းကြရန်။

၂။ စစ်အစိုးရ၏ ပစ်ခတ်နှိုမ်နှင်းမူများမှ လွတ်ကင်းစေရန် မိမိနေအိမ် ၊ ဘုရားကျောင်းများ၌ မိမိတို့ဘာသာအလိုက် ဘုရားရှစ်ခိုးဝတ်ပြုဆုတောင်းကြရန်။

၃။ မေတ္တာပို့ဆုတောင်းရာတွင် တစ်ပြိုင်နက်ဖြစ်စေရန် အချိန်အတိအကျ အိပ်ယာထကာ ဆုတောင်းကြရန်နှင့် ဒေါသစိတ်ကို အနည်းငယ်မျှမဖြစ်စေဘဲ ဆုတောင်းကြရန်။

၎။ မေတ္တာပို့သဆုတောင်းမူများကို ကမ္ဘာအရပ်ရပ်ရှိ မြန်မာနိုင်ငံသားများ၊ ပြည်တွင်းရှိ စစ်သား၊ ရဲဘော်များပါမကျန် မိသားစုဝင်အားလုံး ဖြူစင်စွာ မေတ္တာပို့သကြရန်။

အထက်ပါ မေတ္တာပို့သမှု အစီအစဉ်များကို ထိရောက်စွာလုပ်ဆောင်နိင်ပါက မကြာမီ မြန်မာပြည်၌ နိင်ငံရေးပြောင်းလဲမှုကြီးဖြစ်ပေါ်ကာ ပြည်သူပြည်သား၊ ရဲဘော်၊ စစ်သားတို့၏ မိသားစုဝင်များပါမကျန် ၀မ်းမြှောက်ပျော်ရွှင်ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ (ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) မှ ကြေညာချက်ထုတ် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့ ။

ရွှေဝါရောင် သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမှု့ အဖွဲ့ (Saffron Monks-Students-People Alliance) (SMSPA)၊

ရွှေဝါရောင်သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (Saffron Young Monks Organization) (SYMO)၊

လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO) တို့  ပူပေါင်းဖြန့် ဝေသည်။

No comments:

Post a Comment