Wednesday, March 23, 2011

တိုကျို (၂၃)မြို့နယ်အတွင်းရှိ သောက်သုံးရေအား တစ်နှစ်အောက် ကလေးငယ်များ သောက်သုံးရန် မသင့်ကြောင်း ကြေငြာချက်နဲ့ ANN သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ခံခဲ့ရတဲ့ မှတ်တမ်း ရုပ်သံများ စုစည်းတင်ပြချက်.



ယခင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပေးပို့ဖြန့်ဖြူးတဲ့ရေဟာ အများပြည်သူအတွက် သောက်သုံးရန် သင့်တော်တဲ့ ရေအဖြစ် သတ်မှတ် သုံးစွဲခဲ့ကြပါတယ်.. ပြီးခဲ့တဲ့ ၁၁ရက်နေ့က ပြင်းအား မဂ္ဂနီကျူ အဆင့်၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ဖူကူရှီမား နျူးကလီးယား ဓာတ်ပါင်းဖို ပေါက်ကွဲမှု နောက်ဆက်တွဲ အဖြစ် တိုကျို ရေပေးဝေရေး စံနစ်ကိုပါ နျူးကလီးယား ဓာတ်ရောင်ခြည်သင့်မှု ဖြစ်လာပါတယ်..။ ယနေ့ ထုတ်ပြန် ကြေငြာခဲ့တဲ့ သတင်းများအရ တိုကျိုမှ သောက်သုံးရေဟာ ၁ကီလိုမှာ ရေဒီယို သတ္တုကြွပါဝင်မှု ၂၁၀ becquerel (Bq)  ရှိနေပါတယ်။ သာမာန် လူကြီးများအတွက် ၃၀၀ becquerel (Bq) အထိ ခံနိုင်ရည်ရှိပေမယ့် ၁၀၀ becquerel (Bq) ထိသာ ခံနိုင်ရည်ရှိတဲ့ တစ်နှစ်အောက်နဲ့ မွေးကာစ ကလေးများအတွက် နို့မှုန့်နှင့် ကလေးအစား အစာများဖျော်စပ် တိုက်ကျွေးရာမှာ လက်ရှိအသုံးပြုနေတဲ့ အများသုံးရေကို အသုံးမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါညွှန်ကြားချက် မထွက်ရှိမှီကပင် တိုကျိုမြို့ရှိ ဈေးဆိုင်များနှင့် လမ်းဘေး Vending Machine များတွင် သောက်ရေသန့်ဘူးများ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရပါတယ်..။ ပြီးခဲ့တဲ့ ရက်များကလည်း ဖူကူရှီးမား အပါအဝင် လေးမြို့နယ်မှ နို့နှင့် နို့ထွက်ပစ္စည်းများ ဟင်းသီးဟင်းရွက်များ၌ ရေဒီယို သတ္တုကြွ ပါဝင်မှုကြောင့် ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်..။

ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများရဲ့ လေးစားအတုယူဖွယ် စိတ်ဓာတ်ကတော့ မည်မျှပင် ပစ္စည်းပြတ်လတ်၊ ရှားပါးမှုနဲ့ ကြုံတွေ့ နေရပေမယ့်လည်း .. ပစ္စည်းလက်ကျန်ရှိပြီး ဆက်လက် ရောင်းချနေသည့် ဈေးဆိုင်များ ၌ ဈေးနှုန်းမတန်တဆ ဈေးတင်ရောင်းချခြင်း မသမာလောဘဖြင့် မတရားအမြတ်တင်ခြင်း မရှိပဲ ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးနေတာကို လေးစား အတုယူဘွယ် တွေ့ရှိရပါတယ်.။






ဆူနာမီ ဝင်ရောက်မည် ကြေငြာအပြီး ဆူနာမိရေလှိုင်းများ ၂မိနစ်အတွင်း ဝင်ရောက်လာတဲ့ မြင်ကွင်း...



ငလျင်လှုပ်ခတ်စဉ် မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှတ်တမ်းများနဲ့ ဆူနာမိရေလှိုင်းများ ဝင်ရောက်ခဲ့ပုံ...




Posted by ဒီမိုဝေယံ

No comments:

Post a Comment